QR code ၊ bar code များမှတစ်ဆင့်ငွေပေးချေ လွှဲပြောင်းမှုစနစ်အတွက် လုပ်ထုံးလုပ်နည်းများ တရုတ်ဗဟိုဘဏ်ပြဋ္ဌာန်း

         တရုတ်တွင် QR code နှင့် bar code အသုံးပြု၍ ငွေပေးချေမှုစနစ်မှာ အလွန်ခေတ်စားလာပြီး no-cash society သို့ မြန်ဆန်စွာကူးပြောင်းနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် Bank of China  နှင့် Central Bank မှ QR code နှင့် bar code များ အသုံးပြု၍ငွေ လွှဲပြောင်းပေးချေသည့် ပုံစံနှင့်ပတ်သက်ပြီး လိုက်နာရမည့်စည်းမျဉ်းများ၊ နည်းပညာဆိုင်ရာ သတ်မှတ်မှုများကို ထုတ်ပြန်လိုက်သည်။ အဆိုပါ ညွှန်ကြားချက်တွင် QR code ကို static နှင့် dynamic ဟူ၍နှစ် မျိုးခွဲခြားထားပြီး နေ့စဉ်ငွေလွှဲပြောင်းသုံးစွဲမှုပမာဏကို  ယွမ်  ၅၀၀ ၊ ယွမ် ၁၀၀၀ နှင့် ယွမ် ၅၀၀၀ ဟုအဆင့် (၃) ဆင့်သတ်မှတ်မည်ဖြစ်သည်။QR code အသုံးပြုရန်အတွက် payment service provider များက  ဗဟိုဘဏ်မှ ခွင့်ပြု ချက်ယူရမည်ဖြစ်ပြီး အရောင်းအဝယ် ပြုလုပ်ခြင်း (transaction) အားလုံး အတွက်  စာရင်းရှင်းဆောင်ရွက်ခြင်း စနစ်(clearing system)ကို ဗဟို ဘဏ်မှ တစ်ဆင့် ဖြတ်ကျော်ဆောင်ရွက်ရမည် ဖြစ် သည်။QR code နှင့် ပတ်သက်၍ ဒေတာလုံခြုံရေး၊ ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ် လုံခြုံရေးအတွက် ဗဟိုဘဏ်က ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်သည်။
          ဗဟိုဘဏ်၏  ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်၌ မိုလ်ဘိုင်းဖုန်းများမှတစ်ဆင့် ငွေပေးငွေယူ လုပ်ဆောင်မှု တရုတ်ယွမ် ၄၉ ဒသမ ၃ ထရီလီယံရှိခဲ့ပြီး ၎င်း အနက် ၈၀ ရာခိုင်နှုန်းမှာ non-banking payment platform ဖြစ်သည့် QR code များအား scan ဖတ်၍ အသုံးပြုခြင်းဖြစ် ကြောင်းသိရသည်။ တရုတ်တွင် မိုလ်ဘိုင်းဖုန်းများ ဖြင့် ဈေးဝယ်ရာတွင် Alibaba ၏ Alipay App ကို အများဆုံးအသုံးပြု နေပြီး ၄၉ ရာခိုင်နှုန်းရှိကာ Tencent Holding ၏ Tenpay Platform ကို ဒုတိယအများဆုံး အသုံးပြုလျက်ရှိ ပြီး ၄၀ ရာ ခိုင်နှုန်းရှိကြောင်းသိရှိ ရသည်။ တရုတ်တွင် QR code ဖြင့် မိုလ် ဘိုင်းဖုန်းမှတစ်ဆင့် ဈေးဝယ်ယူသည့် ယဉ်ကျေး မှုမှာ လျင်မြန်စွာ တိုးတက်လာရာ ၎င်းအတွက်တိကျစွာပြဋ္ဌာန်းထားသည့်  လုပ်ထုံးလုပ်နည်းများမရှိ သေးသည့်အတွက် ဗဟိုဘဏ်မှ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများထုတ် ပြန်၍ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်သက် ဝင် ဆောင်ရွက်မည်ဖြစ် ကြောင်း သတင်းရရှိပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ပေကျင်းမြို့