အရှေ့ပိုင်းစီးပွားရေးစြင်္ကံ(EEC) စီမံကိန်းများအတွက် ၂၀၁၈ခုနှစ်တွင် ထိုင်းနိုင်ငံက ဘတ်၇၄၅ဘီလီယံသုံးစွဲမည်

         ထိုင်းနိုင်ငံအစိုးရက   ဦးစားပေးအကောင်အထည်ဖော်လျက်ရှိသည့် အရှေ့ပိုင်းစီးပွားရေး စြင်္က ံ(Eastern Economic Corridor- EEC )တွင် တည် ဆောက်မည့် အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းများအတွက် ၂၀၁၈ ခုနှစ်တွင် ဘတ် ၇၄၅ ဘီလီယံကို သုံးစွဲရန်လျာထားကြောင်း သိရှိရပါသည်။၂၀၁၈ခုနှစ်တွင် EEC ၌ အကောင်အထည်ဖော်မည့် အကြီးစားအခြေခံ အဆောက်အအုံ စီမံကိန်းပေါင်း ၁၀၃ခုရှိပြီး   စီမံကိန်းအများစုကို ငါးနှစ် အတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများကို အရှိန် မြှင့်ဆောင်ရွက်မည့်အပြင်  ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများ  ပိုမိုဝင်ရောက် လာရန်လည်း ဆွဲဆောင်မည် ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စတင်အေ ကာင် အထည်ဖော်မည့်အရေးကြီးစီမံကိန်းများ၌ လမ်ချဘန်ဆိပ်ကမ်း-ဥတပါအို လေဆိပ်လမ်းစီမံကိန်း၊ မတ်တဖွတ်ဆိပ်ကမ်းတိုးချဲ့ခြင်းနှင့် EEC ၌ ပါဝင် သည့်ပြည်နယ်သုံးခုတွင် အကောင်အထည်ဖော်မည့် အဝေးပြေးလမ်း စီမံကိန်း များဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး Mr.Arkhom က ပြောကြား ခဲ့ပါသည်။

       အခြားသောစီမံကိန်းများမှာလမ်ချဘန် ဆိပ်ကမ်းတတိယအဆင့်စီမံ ကိန်း၊ဥတပါအိုလေယာဉ်ပြုပြင်ထိန်းသိမ်းရေးစင်တာနှင့်ဗန်ကောက်-လယောင်း အမြန်ရထားလမ်းကွန်ရက်တို့ဖြစ်ပါ သည်။ လမ်ချဘန်ဆိပ်ကမ်း တ တိယ အဆင့်စီမံကိန်းကို  အကောင်အထည်ဖော်နိုင်ရန်အတွက် ၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် လိုအပ်သောစည်းမျဉ်းစည်းကမ်းများကိုထုတ်ပြန်မည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍနှစ်ခုမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ မည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဘတ် ၈၈ဘီလီယံ လိုအပ်ပြီး လက်ရှိလေဆိပ်၏ ဆောင်ရွက်ပေးနိုင်မှုထက် နှစ်ဆတိုးတက်လာမည်ဖြစ်ပါသည်။ ထို့နောက် ဥတပါအိုလေယာဉ်ပြုပြင် ထိန်းသိမ်းေ ရးစင်တာ၏ ပထမအဆင့်စီမံကိန်းအတွက် အပြည်ပြည်ဆိုင်ရာထိုင်းလေကြောင်း(Thai Airway International)နှင့် အမေရိကန်အဲယားဘတ်စ်ကုမ္ပဏီတို့ ရှေ့လာမည့်သီတင်း ပတ်အနည်းငယ်အတွင်း  လက်မှတ်ရေးထိုးရန် စီစဉ်ထားပါသည်။  အဆိုပါ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုသည် ဘတ် ၂၀၀ ဘီလီယံလိုအပ်မည်ဖြစ်ပါ သည်။ EEC ၏ ပထမအဆင့်စီမံကိန်းများ၌ အကျုံးဝင်သည့်  အခြားသော စီမံကိန်းများမှာ ၆၇၅ရိုင်ကျယ်ဝန်းသည့် ကူး သန်းရောင်းဝယ်ရေးဇုန်၊လေဆိပ် ခရီးသည်နားနေဆောင်အသစ်တစ်ခု၊ ရိုင် ၂၀၀ ကျယ်ဝန်းသည့် လေ့ကျင့်သင်တန်းကျောင်းနှင့် စတုရန်းမီတာ ၁ ဒသမ ၅၂ သန်းကျယ်ဝန်းသည့် လွတ်လပ်သော ကုန်သွယ်ရေးဇုန်တို့ဖြစ်ကြ ပါသည်။ အဆိုပါစီမံကိန်းများ၏ ပထမအဆင့်ကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများကို ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင်ထုတ်ပြန်မည်ဖြစ်သည်။ ဗန်ကောက်-လယောင်းအမြန် ရထားလမ်း စီမံကိန်းတွင် ဥတပါအိုလေဆိပ်ကို သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်တို့ကို ဆက်သွယ်မည့်လမ်းပိုင်း များပါဝင်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုဘတ် ၁၅၈ ဘီလီယံလိုအပ်မည်ဟုသိ ရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့