ထိုင်းနိုင်ငံ၊ Home Pro ကုမ္ပဏီက CLMV နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မည်

         ထိုင်းနိုင်ငံရှိ အိမ်သုံးပရိဘောဂ ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် HomePro အများပိုင်ကုမ္ပဏီ သည် ရင်းနှီးမြှုပ်နှံမှု အသုံးစရိတ်အတွက် ဘတ်ခုနစ်ဘီလီယံခန့် လျာထား ပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော CLMV နိုင်ငံများ၌ ရင်းနှီးမြှုပ်နံှမှုများ တိုးချဲ့ သွားမည်ဖြစ်ပါသည်။ HomePro အနေဖြင့် ၎င်း၏ ရင်းနှီးမြှုပ်နှံမှု လျာထားချက်ဘတ်ခုနစ် ဘီလီယံတွင် ဘတ်သုံးဘီလီယံခန့်သည် ကုမ္ပဏီပိုင်ငွေဖြစ်၍ ကျန်ပမာဏကို ချေးငွေများရယူ၍  ေ ဆာင်ရွက်မည်ဖြစ် ပါသည်။ HomePro သည် မလေးရှား နိုင်ငံတွင် အရောင်းဆိုင်နှစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး နောက်ထပ်အရောင်းဆိုင် နှစ်ဆိုင်သို့မဟုတ် သုံးဆိုင်ကို တိုးချဲ့ဖွင့်လှစ်ရန်စီစဉ်ထားပါသည်။ ထို့ အပြင် အိမ်နီးချင်းနို င်ငံများဖြစ်သော CLMV နိုင်ငံများတွင် ရှေ့လာမည့် တစ်နှစ် နှစ်နှစ်အတွင်း  စတင်ရင်းနှီး မြှုပ်နှံမည်ဖြစ်သည်။ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုအနေဖြင့်  ဗန်ကောက်မြို့နှင့် အခြားအရေးပါသော ပြည်နယ်မြို့တော် အချို့တွင် ဆိုင်ခွဲများ ကို တိုးချဲ့ဖွင့်လှစ် မည်ဖြစ်ပါသည်။
        ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက် မှုသည် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက နှေးကွေးလျက်ရှိသဖြင့်ကုမ္ပဏီထုတ် ကုန်ပစ္စည်းများအပေါ်ဝယ်လိုအား ကျဆင်းသွားမည်ကို စိုးရိမ်ပူပန်လျက်ရှိပြီး စီးပွားရေးတိုးတက်ရန် အလား အလာ ကောင်းများရှိသည့်  အာဆီယံဒေသတွင်းနိုင်ငံများတွင်  စီးပွားရေးလုပ်ငန်း တိုးချဲ့ရန် စိတ်အားထက်သန်လျက်ရှိပါသည်။ ကုမ္ပဏီအတွက် အဓိကအထောက် အကူပြုလျက်ရှိသည့် အရောင်းဆိုင် များမှာ နိုင်ငံအထက်ပိုင်း ပြည်နယ် မြို့တော်အချို့ရှိ  အရောင်းဆိုင်ကြီးများ နှင့် မလေးရှားနိုင်ငံရှိ အရောင်းဆိုင်များ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်တွင် ကုမ္ပဏီ ၏ ဝင်ငွေတိုးတက်မှုကို  ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ရရှိရန်နှင့် အသား တင်အမြတ်ကို ၁၇ ရာခိုင်နှုန်း တိုးတက် ရရှိရန် မျှော်မှန်းထားပါသည်။ ၂၀၁၆ခုနှစ်တွင် စုစုပေါင်းဝင်ငွေ ဘတ် ၆၁ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီး ၈ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။ ထို့အတူ အသားတင်အမြတ်သည်ဘတ်  ၄ ဒသမ ၁၃ ဘီလီယံရ ရှိခဲ့ပြီး ၁၇ဒသမ ၉ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့