ထိုင်းနိုင်ငံ CP ကုမ္ပဏီနှင့် အမေရိကန်ကုမ္ပဏီတို့ ချိတ်ဆက်ဆောင်ရွက်

         ထိုင်းနိုင်ငံရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် CP ကုမ္ပဏီသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံတန်ဖိုး ရှိ စားသောက်ကုန်များကို အေးခဲအစားအစာများ ထုတ်လုပ်သည့် အမေရိကန် Bellsio Parent LLC ကုမ္ပဏီသို့ ထုတ်လုပ်ရောင်းချမည်ဖြစ်သည်။ အမေရိကန် Bellsio Group ကို ၁၉၉၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အေးခဲအစားအစာအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူးသည့် တတိယအကြီးဆုံး လုပ်ငန်း တစ်ခု ဖြစ်ပါသည်။
        ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သော နှစ်ဖက်သဘောတူညီချက်များ ပြင်ဆင်ခြင်း၊ နှစ်နိုင်ငံ၏ ဈေးကွက်အခြေအနေများကို လေ့လာခြင်းနှင့် အခြားလိုအပ်သော  ဆောင်ရွက်မှုများကို ခြောက်လအတွ င်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါ သည်။ CPအနေဖြင့် ၎င်းင်း၏ထုတ်ကုန် များကို အမေရိကန်နိုင်ငံတွင် အရေးပါသည့် လက်လီရောင်းချသူများနှင့်တိုက် ရိုက်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ပထမကိုး လအတွင်း စုစုပေါင်းဝင်ငွေဘတ် ၃၄၅ ဘီလီယံ ရရှိသဖြင့် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အသားတင်အမြတ်သည်လည်း ယမန် နှစ်ထက် ၃၆ ရာခိုင်နှုန်းမြင့်တက်၍ ဘတ် ၁၃ ဘီလီယံရရှိခဲ့သည်။ နို င်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပတင်ပို့မှု မှရငွေသည် စုစုပေါင်းဝင်ငွေ၏ ၆၈ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းဈေးကွက်မှ ၃၂ ရာခိုင်နှုန်းရရှိပါသည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် CP ကုမ္ပဏီ၏ အစုရှယ်ယာ တစ်ခုတန် ဖိုးသည် ဘတ် ၂၇ ဒသမ ၇၅ ဖြစ်၍ တစ်ဘတ်ကျဆင်းခဲ့ပြီး ယင်းနေ့ တွင် အရောင်းအဝယ်ဖြစ်ခဲ့သည့် တန်ဖိုးမှာဘတ် ၃ ဒသမ ၂ ဘီလီယံဖြစ်ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့