ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းကမ်းခြေဒေသများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွား၊ သေဆုံးသူ ၁၅ ဦးအထိ ရှိလာ

        ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းကမ်းခြေ ဒေသများတွင် အဆိုးရွားဆုံး သော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ရ ပြီး ပျောက်ဆုံးသူ ခြောက်ဦးရှိ ကြောင်း ဗီယက်နမ်သတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။ ရေလွှမ်းမိုးမှုများကြောင့် အမေရိကန် ဒေါ်လာ ၄၄ သန်းကျော် ဆုံးရှုံးခဲ့ရပြီး လူသား ချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများပေး ကြရန် အစိုးရက နှိုးဆော်ထားကြောင်း ဗီယက်နမ် သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ တောင်ပိုင်း၊ မြောက် ပိုင်းနှင့် အလယ်ပိုင်းကမ်းခြေဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပွား ခဲ့ရာ နေအိမ်ပေါင်း ၂၂၅လုံးမှာ လုံးဝပျက်စီးခဲ့ရပြီး အိမ်ခြေပေါင်း ၄၂၁၀ဝ၀ မှာ ရေနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရသည်ဟု ဆိုသည်။
         ရေလွှမ်းမိုးသည့် အဓိကပြည်နယ်များမှာ ၁၃ ခုအထိ ရှိလာသည့်အတွက် ဆုံးရှုံးသည့်ပမာဏမှာ ပိုမိုများပြားလာနိုင်သည်ဟုဆိုသည်။ ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများကြော င့် ဗီယက်နမ် နိုင်ငံ၏အဓိကပို့ကုန် ပစ္စည်းအမယ်တစ်မျိုးဖြစ်သည့် ကော်ဖီစေ့တင်ပို့မှုအား ထိခိုက်လာနိုင် ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော် ပြခဲ့သည်။ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ ရွာသွန်းခဲ့သည့် မိုးသည် မိုးရေချိန် ၁၅၀ မီလီလီတာအထိ ရှိခဲ့ရာကော်ဖီစိုက်ခင်းများပါ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ကော်ဖီ အများ အပြားစိုက်ပျိုးသည့်ဒေသဖြစ် သည့် Daklak နှင့် Lam Dong ပြည်နယ်တို့တွင် အဆိုးရွားဆုံးရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ကြောင်းရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
       ဗီယက်နမ်နိုင်ငံ၏အလယ်ပိုင်းကုန်းမြင့် ဒေသသည် ကော်ဖီအများဆုံးထွက် ရှိရာဒေသဖြစ် ပြီး တစ်နိုင်ငံလုံးရှိကော် ဖီတင်ပို့မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။ ထို့ပြင် ယခုကာလသည် ဗီယက်နမ်နိုင်ငံ၌ ကော်ဖီသီးဆွတ်ခူးချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်ရာ မိုးရွာသွန်းခဲ့သဖြင့် ရိတ်သိမ်းချိန်နောက်ကျ ခဲ့သည့်အပြင် အစိုဓာတ် များများပြားလာနိုင် ကြောင်း အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။ ပြီးခဲ့သည့်လအတွင်းကလည်း ဗီယက်နမ် နိုင်ငံတွင် ရေလွှမ်းမိုးမှုများကြောင့် နေအိမ်ပေါင်း တစ်သိန်းေ ကျာ် ရေလွှမ်းမိုးခံခဲ့ရပြီး အသက်ပေါင်း များစွာ ဆုံးရှုံးခဲ့ရသည်။

မယ်သီတာ