တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဆောင်ရွက်ချက်များ ပြန်လည်ဦးမော့လာ

         ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာ ကုန် သွယ်မှု ပမာဏ ၄ ဒသမ ၄၉ ထရီလီယံ ရှိခဲ့ပြီး ၁ ဒသမ ၆ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း၊ သို့သော် ကုန်သွယ်မှုဆောင် ရွက်ချက်အနေနှင့် တိုးတက်မှု များ ရှိ လာကြောင်း အကောက်ခွန်ဌာနက ပြော ကြားခဲ့ပါသည်။ ဇန်နဝါရီမှ စက်တင်ဘာလအထိ ပြည်ပကုန်သွယ်မှုမှာ ယွမ် ၁၇ ဒသမ ၅၃ ထရီလီယံဖြင့် ယခင်နှစ်ထက် ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်မှာ ယွမ် ၇ ဒသမ ၄ ထရီလီယံ ဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ သို့သော် တတိယသုံးလပတ်အတွင်း ပြန်လည်တည်ငြိမ်လာခဲ့ပြီး ယခင်နှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားပါ သည်။ အကြောင်းရင်းမှာ လတ်တလောပြည်တွင်း၊ ပြည်ပဝယ်လိုအား ကျဆင်းနေသည့်အပြင် ပြည်ပကုန်သွယ်ရေး၌ ကုန်သွယ်မှုဆိုင်ရာ အကာအကွယ်ပေးမှု (Trade Protectionism)၊ ဈေးကွက်ဝင်ရောက်မှုလမ်းကြောင်း ကန့်သတ်ချက်များ (Limited Market Channel) နှင့်ဆောင်ရွက်မှုစရိတ်စက ကြီးမြင့်မှု (Rising Operational Cost) အခက်အခဲများကြောင့်  ဖြစ်ကြောင်း သိရှိရပါသည်။
        ထို့ကြောင့် အစိုးရအနေဖြင့် ပြည်တွင်းကုမ္ပဏီများအား အခွန်အခ လျှော့ချပေးခြင်း၊ အဆင့်မြင့်နည်းပညာ သုံးကုန်ထုတ်လုပ်ငန်းများအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စွမ်းဆောင်ရည်တိုးမြှင့်အောင် ဆောင်ရွက်ပေးြ ခင်းအပြင် Belt & Road လမ်းကြောင်း တစ်လျှောက်နိုင်ငံများနှင့် ကုန်သွယ်မှုတိုးမြှင့်ခြင်းစသည်တို့ကို ပံ့ပိုးကူညီပေးရမည်ဖြစ်ကြောင်း သုံးသပ်ထားပါသည်။ တရုတ်ငွေကြေးတန်ဖိုး ကျဆင်းနေခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များ အတွက် အကျိုးရှိစေသော်လည်း ပြည်ပမှတင်သွင်းသည့် ကုန်ထုတ်လုပ်မှုပစ္စည်းများ (Imported cost of production materials) ၏ တန်ဖိုး ကြီးမြင့်လာစေပါသည်။
         Belt & Road လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများသို့ ပို့ကုန်တင်ပို့မှု အနေဖြင့်ကြည့်ပါက ဇန်နဝါရီမှ စက် တင်ဘာအထိ တိုးတက်မှုများရှိခဲ့ပါသည်။ ဥပမာ ပါကစ္စတန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၁၄ ဒသမ ၉ ရာခိုင် နှုန်း၊ ရုရှားသို့ ၁၄ ရာခိုင်နှုန်း၊ ပိုလန်သို့ ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ် သို့ ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် အိန္ဒိယသို့ ၇ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါသည်။ သို့သော်အဓိကဈေး ကွက်ဖြစ်သည့် အမေရိကန်ပြည်ထော င်စုသို့ တင်ပို့မှုမှာ ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တတိယမြောက် အကြီးဆုံးဈေးကွက်ဖြစ်သည့် အာဆီယံနိုင်ငံများသို့ တင်ပို့မှုမှာလည်း ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။ ယခုအချိန်အထိ လျှပ်စစ်ပစ္စ ည်း၊ အဝတ်အထည်နှင့် ကလေးကစားစရာ ပစ္စည်းစသည့် ကုန်စည်များသည် တရုတ်၏ အဓိကပို့ကုန်များ ဖြစ်နေသေးကြောင်း သိရှိရပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူးမြန်မာသံရုံး၊ ပေကျင်းမြို့