ဟောင်ကောင်ရှိ အိမ်အကူများ အစိုးရက သတ်မှတ်သော အနိမ့်ဆုံးလစာအောက် လျော့နည်းရရှိ

        ဟောင်ကောင်တွင် နီပေါအိမ် အကူပေါင်း ၁၀၀၀ ခန့်ရှိရာ ၄၅ ရာခိုင် နှုန်းနီးပါးခန့်မှာ အစိုးရက သတ်မှတ်သော အနိမ့်ဆုံးလုပ်ခလစာ ဟောင် ကောင်ဒေါ်လာ ၄၂၁၀ အောက် လျော့နည်းရရှိလျက်ရှိသည်။ ဟောင်ကောင်ရှိ နီပေါ အိမ်အကူအသင်းမှ အိမ်အကူများအား စစ်တမ်းကောက်ယူခဲ့ရာ ၅၂ ဒသမ ၂ ရာခိုင်နှုန်းခန့်မှာ သင့်တင့်သည့် လစာရရှိ သော်လည်း ၄၄ ဒသမ ၈ ရာခိုင်နှုန်းခန့်မှာ သတ်မှတ်လစာထက် လျော့နည်းရရှိခဲ့သည်။ အချို့အလုပ် ရှင်များမှာ လစာ ငွေပေးပြေစာပေါ်တွင် သတ်မှတ်ထားသော အနည်းဆုံးလုပ်ခလစာအား ရေးသား၍ အိမ်အကူများအနေဖြင့် လက်မှတ်သာထိုးရသော်လည်း လက်တွေ့တွင် သတ်မှတ်လစာအောက် လျော့နည်းရရှိခဲ့သည်။ အချို့ အလုပ်ရှင်များက ဘဏ်စာရင်းတွင် သတ်မှတ် လစာပမာဏအား အပြည့်လွှဲပေးသော်လည်း နောက်ပိုင်းတွင် အိမ် အကူအား သွားရောက်ထုတ်ယူရန်စေခိုင်းပြီးနောက် အလုပ်ရှင်ပမာဏအချို့အား ပြန်လည်ပေးအပ်ရကြောင်း ေ တွ့ရှိခဲ့သည်။
      ၅၃ ရာခိုင်နှုန်းကျော်မှာ တစ်ပတ် လျှင် ၂၄ နာရီအလုပ် နားရက်မရရှိဘဲ နေ့တစ်ဝက်သာရရှိကြောင်း၊ ၅၀ ဒသမ ၅ ရာခိုင်နှုန်းမှာ နှစ်စဉ်ခွင့်ရက်နှင့် တရားဝင်ရုံးပိတ်ရက်များတွင်သာ ခွင့်ရက်ရရှိကြောင်း၊ ၅၁ ရာခိုင်နှုန်းမှာ ခွင့် ရက်ရရှိ သည့် ရပိုင်ခွင့်အားမသိရှိဘဲ ၃၀ ရာခိုင်နှုန်းမှာ အလုပ်ရှင်များမှ ခွင့် ခံစားခွင့်မပေးကြောင်း သိရှိရသည်။ ၅၇ ရာခိုင်နှုန်းမှာ ကိုယ်ပိုင်အိပ်ခန်းမရရှိဘဲ မီးဖိုခန်းနှင့် စတိုခန်းများတွင်သာ အိပ်ကြရကြောင်း၊ နီပေါအိမ်အကူ အ များစုမှာ ၎င်းတို့၏အလုပ်သမား အခွင့်အရေးနှင့် ပတ်သက်၍ ဗဟုသုတအနည်းငယ်သာရှိပြီး၊ ဥပဒေကို သိရှိသည့်တိုင် အမည်ပျက် အလုပ်သမားစာရင်းဝင်ဖြစ်မည်ကို ကြောက်ရွံ့၍လည်းကောင်း၊ စာချုပ်ဖျက်သိမ်းမည် စိုးရိမ်၍ လည်း ကောင်း မပြောဆိုရဲကြောင်း၊ နီပေါအိမ်အကူများသာမကအခြား နိုင်ငံခြားအိမ်အကူများအားလုံးနီးပါး အလုပ်ထိခိုက်မည်ကို စိုးရိမ်ကြကြောင်းအသင်းမှ ပြောကြားခဲ့သည်။
         အရှေ့တောင်အာရှနိုင်ငံများမှ အိမ်အကူများအတွက် ဘာသာစကား အခက်အခဲမှာလည်း အခြားနိုင်ငံများထက် ပြဿာနာပိုများစေကြောင်း အသင်းမှလေ့လာတွေ့ရှိချက် အား လေ့လာစုံစမ်းနိုင်ရေးအတွက်  အလုပ်သမားဌာန သို့ အသေးစိတ်အချက်အလက်များ ပေးအပ်ခဲ့ကြောင်း ပြော ကြားခဲ့သည်။ ဟောင်ကောင်စာရင်းအင်းဌာန၏  ဟောင် ကောင်မြို့အတွင်း နိုင်ငံခြားအိမ်အကူပေါင်း ၃၄၀၃၈၀ ကျော် ရှိပြီး၊ အများစုမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဖြစ်ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊  စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့