စင်ကာပူနိုင်ငံကဲ့သို့ ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးဇုန်အဖြစ် ကျွန်းကိုးကျွန်းကို အိန္ဒိယအစိုးရက ရွေးချယ်သတ်မှတ်

         အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံတစ်ခုကို ၁၅ နှစ်အတွင်း ရေးဆွဲဆောင်ရွက်လျက်ရှိသည့် Niti Aayog စီမံကိန်းကြီး၏ တစ်စိတ်တစ် ဒေသအဖြစ် အိန္ဒိယအစိုးရသည် ူေုျ့ေိတနနစ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဗဖကမန သမုဒ္ဒရာနှင့် အဖြူရောင် သန္တာကျောက်တန်းများရှိရာ ကမ်းခြေများ၊ အက်ဒမန်နှင့်နီကိုဘားဒေသရှိ အပူပိုင်းစိမ်းလန်းတောနေရာများ အပါအဝင် ကျွန်းကိုးကျွန်းအားခရီးသွား လုပ်ငန်းမြှင့်တင်ရေးဇုန်အဖြစ် ရွေးချယ် သ တ်မှတ်ခဲ့ကြောင်း၊ ခရီးသွားကဏ္ဍမြှင့်တင်ရန်အတွက် ရေပန်းခြံများနှင့် သဘာဝသယံဇာတ အရင်းအမြစ်များကို အသုံးပြုခဲ့သည့် စင်ကာပူနိုင်ငံကဲ့သို့ အဆိုပါကျွန်းများအား အိန္ဒိယနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စဉ်ဆက်မပြတ် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် မောင်းနှင်အားများအဖြစ် ရှုမြင်ထားကြောင်း၊ ထိုသို့ သဘာဝအရင်းအမြစ်များအား ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ထားရှိသတ်မှတ်ဆောင်ရွက်ခဲ့သည့် စင်ကာပူနိုင်ငံသည် သဘာ၀ သယံဇာတ ထိန်းသိမ်းရမည့် စိတ်ဓာတ်များလည်း ကိန်းအောင်းလာစေခဲ့ပြီး၊ အကန့် အသတ်ဖြင့်သာရှိသော မြေဧရိယာအနေအထားကိုလည်း ကျော်လွှား ဖြေရှင်း နိုင်ခဲ့ကြောင်း၊ ကျွန်းများအနေဖြင့် သဘာဝတရားကပေးထား သည့် ဂေဟစနစ် ထိခိုက်လွယ်မှုများရှိသည့်အတွက် ဆောင်ရွက်နိုင်စွမ်းမှာ အကန့်အသတ်ရှိလိမ့်မည်ဖြစ်သော်လည်း ခရီးသွားများအတွက် ရွေးချယ်စရာများ ပိုမို များပြား လာလိမ့်မည်ဖြစ်ကြောင်း၊ ခရီးသွားများ လာရောက်မှု မြင့် မားသည့် နေရာ တစ်ခုအဖြစ် သတ်မှတ်ထားသည့် Lakshadweep ဒေသရှိ ရွေးချယ်စရာ နေရာများမှာ အက်ဒမန်ကျွန်းနှင့် နီကိုဘားကျွန်းတို့နှင့်နှိုင်းယှဉ်ပါက အကန့်အသတ် ဖြင့်သာရှိကြောင်း၊ ယခုရွေးချယ်သတ်မှတ်ထား သည့် ကျွန်းကိုးကျွန်းမှာ အက်ဒမန်နှင့် နီကိုဘားရှိSmith Island၊ Ross Island၊ Avis Island နှင့် Long Island တို့နှင့် Lakshadweep ရှိ Bangaram၊ Thinnakara၊ Suheli၊ Cheriyam နှင့် Minicoy တို့ဖြစ်ကြော င်း၊ အဆိုပါကျွန်း ကိုးကျွန်း၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် စီမံချက်တစ်ရပ် ရေးဆွဲအကောင် အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့