ထိုင်းနိုင်ငံရှိ ပြည်တွင်း e-Commerce လုပ်ငန်းများအတွက် အစိုးရ၏အကူအညီများလိုအပ်

      ထိုင်းနိုင်ငံရှိ ပြည်တွင်း e-Commerce လုပ်ငန်းများသည် နိုင်ငံခြား e-Commerce လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်ရန်အတွက် အစိုးရ၏အကူအညီ အထောက်အပံ့များ လိုအပ်လျက်ရှိပါသည်။ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနို င်ငံ တို့၌ ပြည်တွင်း e-Commerce လုပ်ငန်းများကို ဘဏ္ဍာငွေ ထောက်ပံ့ပေးခြင်းနှင့် အခွန်မက်လုံးများပေးကြောင်း၊ ထိုင်းနိုင်ငံ၏ e-Commerce ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များသည် ပြည်တွင်းလုပ်ငန်း များရှင်သန်ရပ်တည်ရေးကို အထောက်အကူ ပြုသင့် ကြောင်းနှင့် အစိုးရအနေဖြင့်လည်း ဘဏ္ဍာငွေထောက်ပံ့မှုနှင့် ယှဉ်ပြိုင်မှု မြှင့်တင်နိုင်ရေးတို့ကို ပံ့ပိုးပေးသင့်ကြောင်း ထိုင်း e-Commerce အသင်း၏ ဥက္ကဋ္ဌ Mr. Pawoot က ပြောကြားခဲ့ပါသည်။
      ထိုင်းနိုင်ငံတွင် အွန်လိုင်းစတိုးနှင့် e-Commerce လုပ်ငန်းများ၏ ဝင်ငွေထတ်ဝက်ကျော်ကို နိုင်ငံခြား e-Commerce လုပ်ငန်းများမှရရှိပါသည်။ ထိုင်းနိုင်ငံတွင် Lazada ၊စင်ကာပူShopee နှင့် တောင်ကိုရီးယား Eleven Street တို့ ထင်ရှားပါသည်။ အောင်မြင်ပြီး e-Commerce လုပ်ငန်းများသည် အပြိုင်အဆိုင် ဈေးလျော့၍ ရောင်းချလျက်ရှိရာ ထိုင်းပြည်တွင်း e-Commerce လုပ်ငန်းများအနေဖြင့် နည်းလမ်းအသစ်များကို ရှာဖွေထိုး ဖောက် ရန်လိုအပ်ပါသည်။
       ထိုင်းနိုင်ငံတွင် အွန်လိုင်းရောင်းချမှုသည် ယမန်နှစ်က၅၀ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၂၀၁၆ ခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်းသာ တိုးတက်မှုရရှိမည် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်တွင် အွန်လိုင်းရောင်းအားကျဆင်းခဲ့ခြင်းမှာ အပြိုင်အဆို င်ဈေးနှုန်းလျှော့၍ ရောင်းချခြင်းကြောင့်ဖြစ်ပြီး ပြည်တွင်း e-Commerce လုပ်ငန်းများသည် ပုံမှန်မဟုတ်သော ဈေးနှုန်းဖြင့်လျှော့၍ ရောင်းချခြင်းများကို ခံနိုင်ရည်ရှိရန်လိုအပ်ကြောင်း Welove Shopee.com နှင့် WeMall Website များ၏ အထွေထွေမန်နေဂျာ Darunponn Jirakitanusorn ကပြောကြားခဲ့ပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့