ထိုင်းနိုင်ငံတွင် စိုက်ပျိုးမြေ ရိုင် ၂၆ သန်းကို သီးနှံအာမခံထားရှိ

       ထိုင်းနိုင်ငံ၏ ၂၀၁၆-၁၇ စိုက်ပျိုးရာသီတွင် စပါးစိုက် ရိုင် ၂၆ သန်း (၁ ရိုင် = ဝ.၃၉၅ ဧက) ကို သီးနှံအာမခံထားရှိပြီးဖြစ်ပါသည်။ နိုင်ငံ၏ တောင်ပိုင်းခရိုင်များအတွက် သီးနှံအာမခံကို ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ထားရှိနို င်သဖြင့် သီးနှံအာမခံထားရှိသည့် စိုက်ပျိုးမြေဧကများ တိုးလာမည်ဟု ဖော်ပြထားပါသည်။
         ထိုင်းအစိုးရအနေဖြင့် ယခုနှစ်ရိတ်သိမ်းရာသီတွင် စိုက်ပျိုးမြေရိုင် သန်း ၃၀ ခန့်ကို သီးနှံအာမခံထားရှိမည်ဟု မျှော်မှန်းထားသည်။ ယခု အချိန်တွင် ဆန်စပါးကဲ့သို့ အရေးကြီးသီးနှံများကိုသာ သီးနှံအာမခံထားရှိ နိုင်သော် လည်း  တောင်သူလယ်သမားများအနေဖြင့် ၎င်းင်းတို့၏ စိုက်ပျိုး သီးနှံများအကြောင်းအမျိုးမျိုးကြောင့် ပျက်စီးမှုများမှ ကာကွယ်ရေးကို အလေးထားလာစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ်မှစတင်၍ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခြ င်းဖြစ်ပြီး တောင်သူများ၏ ဆန္ဒနှင့်အညီ သီးနှံ အာမခံကို ထားရှိနိုင်ကြောင်းသိရသည်။ ထိုင်းနိုင်ငံ၏ စုစုပေါင်းစပါးစိုက် ရိုင် ၅၈ ဒသမ ၇ သန်းရှိရာ တောင်သူ ၁ ဒသမ ၅ သန်းသည် စိုက်ပျိုးမြေရိုင် ၂၆ သန်းအတွက် သီးနှံအာမခံ ထားရှိကြပြီး ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ဆီးနှင်းများကျခြင်း၊ လောင်မီးပိုးကျခြင်းတို့ ကြောင့် စိုက်ပျိုးသီးနှံများဆုံးရှုံးပါက တစ်ရိုင်လျှင် ၁၁၁၁ ဘတ်နှင့် ရောဂါ၊ ပိုးမွှားများကြောင့် ဆုံးရှုံးခဲ့ပါက တစ်ရိုင်လျှင် ၅၅၅ ဘတ်ကိုရရှိမည်ဖြစ် ပါသည်။
        ထိုင်းနိုင်ငံတွင် သီးနှံအာမခံလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နိုင်ရန်အတွက် ကောက်ပဲသီးနှံ အာမခံဥပဒေတစ်ခု ပေါ်ထွန်းလာရန် နှင့် အမျိုးသားသီးနှံအာမခံမူဝါဒကို ချမှတ်၍ စနစ်တကျ အကောင် အထည် ေ ဖာ်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့