အာရှ-ပစိဖိတ်ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်သည့်နိုင်ငံများအား အခွန်သက်သာခွင့်ပိုမိုခွင့်ပြုပေးရန် အိန္ဒိယဝန်ကြီးအဖွဲ့ က အတည်ပြု

       အာရှ-ပစိဖိတ်ကုန်သွယ်ရေး သဘောတူညီချက် (APTA-Asia Pacific Trade Agreement) တွင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ တောင်ကိုရီးယားနှင့်သီရိလင်္ကာနိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားရာ အိန္ဒိယအစိုးရ အနေဖြင့် အဆိုပါအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာ၌ အခွန်နှုန်းထား ပိုမိုလျှော့ချပေးနိုင်ရန် စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်သည့် ဝန်ကြီးအဖွဲ့ အစည်းအဝေးက ခွင့်ပြုခဲ့ကြောင်း သိရသည်။ ယခင်ကအခွန်သက်သာ ခွင့်ပြု  ထားသည့် ကုန်စည်အရေအတွက် ကုန် စည်လိုင်းပေါင်း ၅၇၀ ရှိရာမှ ယခုအခါ ၃၁၄၂ လိုင်းအထိ တိုးမြှင့်ခွင့်ပြုပေးသွား မည်ဖြစ်သည်။ ထို့ပြင် Margin of preference (MoP) နှုန်းထားကိုလည်း  ယခင်၂၃ ဒသမ ၉ ရာခိုင်နှုန်းမှ ယခု အခါ ၃၃ ဒသမ ၄၅ ရာခိုင်နှုန်းသို့ တိုး မြှင့်ခွင့်ပြုပေးခဲ့ပြီးဖြစ်ရာ ထုတ်ကုန် များအပေါ်တွင် ပေးရမည့် အခွန်နှုန်း ထားများလည်း လျော့ကျသွားမည်ဖြစ် သည်။ APTA ၏သတ္တမနိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် မွန်ဂိုး လီးယားနိုင်ငံ ပါဝင်လာရေးအတွက် APTA ၏ မူလ သတ်မှတ်ချက်များအား ပြင်ဆင်ရန် အတွက်လည်း ခွင့်ပြုခဲ့သည်။ အစော ပိုင်းတွင်ဗန်ကောက် သဘောတူညီချက်ဟု အမည်တွင်သည့် APTA သည် ကမ္ဘာ့အလျင်အမြန်ဆုံး တိုးတက်နေသည့် ဈေးကွက်ကြီးနှစ်ခုဖြစ်သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့အကြား ချိတ်ဆက်အသုံးပြုသည့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုသာဖြစ်သော်လည်း ယခုအခါအဆိုပါနိုင်ငံနှစ်နိုင်ငံသည် အခြားနိုင်ငံပေါင်း ၁၄ နို င်ငံနှင့်  ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Economic Partnership - RCEP) ကို သီးခြားဆွေး နွေးလျက်ရှိသည်ဟု ဆို သည်။ APTA ၏ စတုတ္ထအကြိမ်မြောက် ဝန်ကြီး အဆင့် အစည်းအဝေးကိုလည်း မကြာမီကျင်းပမည်ဖြစ်ပြီး၊ အဆိုပါ အစည်းအဝေး၌ ယခုဆုံးဖြတ်ချက်များ အားလုံးကို တရားဝင်အတည်ပြု အကောင် အထည် ဖော်သွားမည်ဖြစ် ကြောင်း သိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့