အမေရိကန်-အိန္ဒိယ ကုန်သွယ်ရေးဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာ ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပ

        အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ ကုန်သွယ်ရေးဆက်ဆံမှု တိုးမြှင့်ရန် ရည်ရွယ်လျက် ဒုတိယအကြိမ် အမေ ရိကန်-အိန္ဒိယမဟာ ဗျူဟာနှင့် ကုန် သွယ်ရေးဆက်ဆံမှု တိုးမြှင့်ရေး ဆွေး နွေးပွဲတစ်ရပ်ကို ယခု နှစ် သြဂုတ် ၃၀ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် အမေရိကန်ကုန်သွယ်ရေး ဝန်ကြီး ပယ်နီပရစ်ဇာတို့ တက်ရောက်ခဲ့ကြပါ သည်။ ယင်းသို့ရော က်ရှိစဉ်အတွင်း အဆိုပါဆွေးနွေးပွဲ၏ နောက် ဆက်တွဲ  အစီအစဉ်ဖြစ်သည့် အမေရိကန်-အိန္ဒိယ အမှုဆောင် အရာရှိများ ဖိုရမ်သို့ အမေ ရိကန်  ကုန်သွယ်ရေးဝန်ကြီး ပယ်နီပရစ်ဇာ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှ အမှုဆောင် အရာရှိချုပ်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။
         အစိုးရ၏ မူဝါဒရည်မှန်းချက်များ ရေးဆွဲရာတွင် ဦးစားပေးစဉ်းစားရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ အစိုးရများသည် စီအီးအိုဖိုရမ်မှ ပုဂ္ဂလိက ကဏ္ဍ၏ အကြံပြုချက်များအား ထည့် သွင်းစဉ်းစားရန်နှင့် အခြေခံ အေ ဆာက်အအုံနှင့်စွမ်းအင်လုပ်ငန်း စီမံကိန်းများ တွင် ငွေကြေးထောက်ပံ့ပေးခြင်း၊ အိန္ဒိယ နိုင်ငံတွင်Smart Cities များ အကောင် အထည်ဖော်ခြင်း၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ တိုးမြှင့်ခြင်း၊ စီးပွား ရေးလုပ်ငန်းများ လုပ် သာကိုင်သာရှိမှု တိုးမြှင့်ခြင်း၊ အသေးစားလုပ်ငန်းများ၊ ဆန်းသစ်တီ ထွင်မှုများနှင့် စွန့်ဦး တီထွင်သူများအား ပံ့ပိုးပေးခြင်းစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အစိုးရ၏မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်တွင် ပုဂ္ဂလိကကဏ္ဍ အကြံပြုချက် များအား ပါဝင်အောင်ပေါင်းစည်းပေးရန် သဘော တူခဲ့ကြကြောင်း သိရှိရပါသည်။
         အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ဌာနအနေဖြင့် စီအီးအိုဖိုရမ်မှ ရရှိသော ရလဒ်များကို အမေရိကန်-အိန္ဒိယ ကုန် သွယ်ရေး ဆက်ဆံမှုတိုးမြှင့်ရေး ခြေလှမ်း တစ်ရပ်အဖြစ် ရှုမြင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင် သာရှိမှု တိုး မြင့်ခြင်း၊Smart Cities များနှင့် အခြေခံ အဆောက်အအုံ တိုးတက်ဖြစ်ပေါ်မှု၊ ဆန်းသစ်တီထွင်မှုများနှင့် စံချိန်စံညွှန်း လိုက်လျောညီထွေ ဖြစ်စေမှုတို့ကို အလေးထားကြောင်းကိုလည်း ဖော်ပြ ထားပါသည်။

 

ဥမ္မာအေး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဝါရှင်တန်မြို့