မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်တည်ထောင်ရန် အိန္ဒိယအစိုးရစီစဉ်

    အိန္ဒိယအစိုးရသည် အာရှ ဥရောပမြန်မာနိုင်ငံ၌ ဆိပ်ကမ်းတစ်ခု တည်ဆောက်ပြီးဖြစ်သည့်အပြင် စစ်တွေ မြို့၌ အထူးစီးပွားရေးဇုန် တစ်ခု တည် ထောင်ရန်အတွက်လည်း စီစဉ်နေကြောင်း၊ အိန္ဒိယမှ အဆိုပြုထားသည့် အထူး စီးပွားရေးဇုန်သည် စစ်တွေမြို့မှ ၈၀ ကီလိုမီတာအကွာ၌ တည်ရှိနေသည့် တရုတ်အထူးစီးပွားရေးဇုန်နှင့် အပြိုင် ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် အဆိုပါ နေရာအား စီးပွားရေး အချက်အချာ နေရာတစ်ခုအဖြစ် ဖန်တီးရန် လျာ ထား ကြောင်း သိရပါ သည်။

     စစ်တွေအထူးစီးပွားရေးဇုန်တည် ဆောက်မည့် ရည်ရွယ်ချက်မှာ တရုတ် နိုင်ငံက ဒေသတွင်း၌ ဘုံလမ်းမကြီးတစ်ခုထားရှိရန် စီမံ ဆောင်ရွက်လျက် ရှိရာ အဆိုပါ စီမံချက်၏ တစ်စိတ်တစ် ပိုင်းအနေဖြင့် အရှေ့တောင်အာရှဒေ သ အတွင်း လမ်းမကြီးများနှင့် ဆိပ်ကမ်း ဆက်သွယ်မှုဆိုင်ရာ စီမံကိန်းကြီးများ လျာထားဆောင်ရွက် လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း ဒေသတွင်း ဆက်သွယ်မှုကို ဖြန့်ကျက်သည့် အနေဖြင့် ရည်ရွယ်ဆောင်ရွက်ခြင်းြ ဖစ်ပြီး အဆိုပါ အထူးစီးပွားရေးဇုန်အတွက် အိန္ဒိယနိုင်ငံ၏ အစီအစဉ်များနှင့် စပ်လျဉ်း ပြီး လာအိုနိုင်ငံ၌ ကျင်းပသော အိန္ဒိယ-အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာန၏ Minister of State ဖြစ်သူ l VK Singh ကရှင်းလင်းပြောကြား ခဲ့ကြောင်း သိရပါသည်။

       အိန္ဒိယနိုင်ငံသည် အာဆီယံဆက်သွယ်ရေးစီမံကိန်းကြီး အကောင်အထည်ဖော်ရန်အတွက် ၎င်းတို့အနေ ဖြင့် ဆက်လက်ကူညီ ထောက်ပံ့ပေးရန် သဘောတူညီခဲ့ကြောင်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမ ကြီးအား လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့သို့  ဆက်လက်တိုးချဲ့ဖောက်လုပ်ရန်ကိုလည်း စူးစမ်း လေ့လာ လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အနေဖြင့်လည်း Motor vehicles agreement သဘော တူညီချက် အား အပြီးသတ်ချုပ်ဆိုနိုင်ရန်အတွက် ပူးပေါင်းအဖြေရှာကြရန်    တိုက်တွန်း ပြောကြားခဲ့ပြီး၊   စစ်တွေအထူးစီးပွား ရေးဇုန်တွင် ပူးပေါင်းပါဝင်ရန် အာဆီယံ နိုင်ငံများ အား VK Singh က ဖိတ်ခေါ်ခဲ့ ကြောင်း သိရပါ သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့