အာဖဂန်နစ္စတန်နိုင်ငံမှ ပဲများတင်သွင်းရန်အိန္ဒိယနိုင်ငံက အလေးအနက်ထားစဉ်းစားနေ

     အိန္ဒိယနိုင်ငံသည် ပြည်တွင်းပဲ ထောက်ပံ့မှုကို မြှင့်တင်နိုင်ရန်နှင့် တစ်ကီလိုဂရမ်လျှင် ရူပီး ၂၀၀ အထိ မြင့် တက်နေသည့် ပဲလက်လီ ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် အာဖဂန် နစ္စတန်နိုင်ငံမှ  ပဲများ တင်သွင်းနိုင်မည့် အလားအလာများရှာဖွေလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် လတ်တလောတွင် မိုဇမ်ဘစ်နိုင်ငံမှ လာမည့်ငါးနှစ်အတွင်း ပဲစင်းငုံနှင့်အခြားပဲများ တင်သွင်းမှု  နှစ်ဆ တိုးမြှင့်ရန်နှင့်  အခြား အာဖရိကနိုင်ငံမှ တစ်နှစ်လျှင် ပဲတန်ချိန်နှစ် သိန်း တင်သွင်းရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။
     အိန္ဒိယနိုင်ငံသည် အာဖဂန် နစ္စတန်မှ ပဲမျိုးစုံရောင်းချမည့်သူများ နှင့် ချိတ်ဆက်ပြီး ပဲတင်သွင်းနိုင်မည့်အလား အလာများကိုလည်း ရှာဖွေ လျက်ရှိသည်။ အာဖဂန်နစ္စတန်မှ တောင်သူ လယ်သမားများသည် သေချာသည့် ဈေး ကွက် တစ်ခုရှိပါက ပဲများစိုက်ပျိုးကြမည်ဖြစ် ပြီး၊ လက်ရှိအနေအထားအရ အိန္ဒိယ နိုင်ငံသည် ပဲများကိုပြည်ပမှ တင်သွင်း မှသာ စားနပ်ရိက္ခာဖူလုံမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည်  အာဖဂန်နစ္စတန်မှ တန်ချိန် တစ်သိန်းခန့်ဖြင့် စ တင်တင်သွင်း မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပဲမျိုးစုံစိုက်ပျိုးရန် နှစ်ရှည် ကန်ထရိုက် စိုက်ပျိုးခြင်း (Contract Farming) နှင့် စပ်လျဉ်း၍ စိတ်ပါဝင်စားသည့်အတွက် မေးမြန်းစုံစမ်းမှုများ ပြုလုပ်ခဲ့ရာ အလားအလာများ ရှိေ သာ်လ ည်း၊ ၎င်းတို့ အနေ ဖြင့် ပြည်တွင်းဈေးကွက်တွင် သုံးစွဲမှုနည်း သည့် မြေထောက်ပဲများကိုသာ စိုက်ပျိုး ကြသည်။ သို့ရာတွင် အခြားပဲများကိုလည်း စိုက်ပျိုးရန် ဖြစ်နိုင်ခြေအလားအလာရှိ သည်ဟု အာဖဂန် နစ္စတန် စိုက်ပျိုးေ ရး၊ ဆည်မြောင်း နှင့်မွေးမြူရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Abdul Qadeer Jawad ကပြန်လည်ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာန၏ စီးပွားရေး ဌာနမှ Amar Sinha ကပြောကြားထား ကြောင်း သိရပါ သည်။
    ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ နှင့် အာဖဂန်နစ္စတန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆၈၄ သန်း ခန့်ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် ပြည်တွင်းပဲလိုအပ် ချက်ပြည့်မီရန် ပြည်ပမှ ပဲတန်ချိန်ခြောက် သန်းမှ ခုနစ်သန်းအထိ ဝယ်ယူတင်သွင်း ရမည် ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ ပဲထုတ်လုပ်မှုပမာဏမှာ ၂၀၁၃-၁၄ သီးနှံ ရာသီတွင် တန်ချိန် ၁၉ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ သော်လည်း ၂၀၁၄-၁၅ သီးနှံရာသီတွင် တန်ချိန် ၁၇ ဒ သမ ၁၅ သန်းနှင့်၂၀၁၅-၁၆တွင် တန်ချိန် ၁၇ ဒသမ ၀၆ သန်း အထိ လျော့ကျလာခဲ့ ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပဲတင်သွင်း သူများက တန်ချိန် ခြောက်သန်းနီးပါး တင်သွင်းခဲ့ကြောင်း သိရပါသည်။ သို့ရာတွင် အိန္ဒိယအစိုးရသည် ပဲဈေးနှုန်းမြင့်တက်မှုနှင့် ဈေးကစားခြင်း တို့ကို ထိန်းချုပ်နိုင်ရန်နှင့် ဈေးနှုန်းများ မင့်တက်လာပါက ဈေးကွက်ဝင်ရောက် ထိန်းညှိခြင်းများ ဆောင်ရွက်နိုင်ရန် ယခု နှစ်အတွင်း အရန်ပဲ (Buffer Stock) တန် ချိန် နှစ်သန်းအထိ တိုးမြှင့်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပြီး၊ မြန်မာနိုင်ငံအပါအဝင် ပဲစိုက်ပျိုးသည့် နိုင်ငံများ နှင့် အစိုးရ အချင်းချင်း ချိတ်ဆက်ကာ ပဲမျိုးစုံဝယ် ယူနိုင်ရေး ကမ်းလှမ်းဆွေးနွေးလျက်ရှိ ပါသည်။
 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ နယူးဒေလီမြို့