တောင်ကိုရီးယားနိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်းဆန် (ထမင်း) စားသုံးမှုထက်ဝက်လျော့ကျ

      တောင်ကိုရီးယားနိုင်ငံတွင် ဆန် (ထမင်း) စားသုံးမှု ထက်ဝက်ခန့် လျော့ ကျလာခဲ့ကြောင်း စစ်တမ်းများအရ သိရ သည်။ ထမင်းသည် ကိုရီးယားလူမျိုး တို့၏ အဓိကအစားအစာဖြစ်ခဲ့ သော် လည်း ယခုအခါတွင် တဖြည်းဖြည်း ကျဆင်းခဲ့သည်။ ၁၉၈၅ ခုနှစ်ကာလပိုင်း တွင် တောင်ကိုရီးယားနိုင်ငံ၌ လူတစ် ဦးလျှင် ပျမ်းမျှဆန် ၁၃၀ ကီလို ဂရမ် နှုန်းစားသုံးခဲ့သော်လည်း ၂၀၁၅ ခုနှစ် တွင် လူတစ်ဦးလျှင် ပျမ်းမျှ ၆၃ ကီလို ဂရမ်နှုန်းခန့်သာ စားသုံးမှုရှိတော့ သည့် အတွက် စားသုံးမှုနှုန်းများ ကျဆင်းခဲ့ သည်ကို တွေ့ရသည်။ အဓိကအကြောင်း ရင်းမှာ ကိုရီးယားနိုင်ငံသားများအနေဖြင့် ကာဗိုဟိုက်ဒရိတ်နည်းပါးသည့် စား သောက်မှုပုံစံကို ပိုမိုကျင့်သုံးလာကြပြီး အဆိုပါပုံစံသည် ယေ န့ခေတ်တွင်လည်း ပိုမိုရေပန်းစားလာသောကြောင့်ဖြစ်သည်။
      ဆန်(ထမင်း) စားသုံးလိုမှု တဖြည်း ဖြည်းနည်းပါးလာမှုသည် နိုင်ငံ၏ စိုက် ပျိုးရေးကဏ္ဍကိုပါ အကျိုးသက်ရောက်မှု ဖြစ်လျက်ရှိသည်။ ယမန်နှစ်က စပါးစိုက် ပျိုးထုတ်လုပ်နိုင်မှုသည် ခြောက်နှစ်တာ ကာလအတွင်း အမြင့်ဆုံး သို့ရောက်ရှိခဲ့ ပြီး တန်ချိန် ၄ ဒသမ ၃ သန်းအထိ ရောက်ရှိခဲ့သည်။ ဆန်ဝယ်လိုအားနှင့် ရောင်း လိုအား တည်ငြိမ်မျှတမှုရှိစေရန် အတွက် စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက် ရေးရာ ဝန်ကြီးဌာနအနေဖြင့် ဆန်တင်ပို့မှုမြှင့် တင်ခြင်းနှင့်ဆန်စပါး ထုတ်လုပ်သည့် စက်ရုံများကို အားပေး မြှင့်တင်ပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ဆိုးလ်မြို့