Uttarakhand ပြည်နယ်၊ Sitarganj မြို့ ၌ ကိုကာကိုလာကုမ္ပဏီက စက်ရုံတည်ဆောက်မည်

အဖျော်ယမကာကုမ္ပဏီကြီးဖြစ်သည့် ကိုကာကိုလာကုမ္ပဏီ သည် Uttarakhand ပြည်နယ်၊ Chharba  ရွာ၌  စက်ရုံတစ်ရုံတည်ဆောက် ရန် စီစဉ်ထားခဲ့ရာ ပတ်ဝန်းကျင်ဆိုင်ရာ  အနေအထားများကြောင့် ၎င်း၏အစီအစဉ် ကို ဖျက်သိမ်းခဲ့ရပြီး၊ ယခုအခါ ပြည်နယ်အစိုးရက စီစဉ်ပေးသည့် ှ Sitarganj  မြို့ရှိ မြေ ဧက ၇၀ ပေါ်၌  ပုလင်းစက်ရုံတစ်ရုံ  တည်ထောင်လိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇွန် ၂၆ ရက်၌ ပြောကြားထားကြောင်း သိရပါသည်။

        လတ်တလောတွင် ပြည်နယ် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပို ရေးရှင်းလီမိတက် (SIDCUL)ထံ ဧက ၁၇၀၀   ကျယ်ဝန်းသည့် ှSitarganj စက်မှုဇုန်၌ ၎င်းတို့၏ လုပ်ငန်းများဆောင်ရွက်ရန် အတွက် လိုအပ်နိုင်မည့် ရေ အနေအထားနှင့်အခြားကိစ္စရပ်များအား ရှင်း လင်းစေရန် ကုမ္ပဏီဘက်မှ မေးမြန်းခဲ့ ကြောင်း၊ ထိုသို့မေးမြန်းထား သည်များကို ပြန်လည်ရှင်းလင်းပြန်ကြား ခဲ့ပြီးဖြစ် ကြောင်းSIDCUL ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ R Rajesh Kumar  က ပြောကြား ထားကြောင်း သိရ ပါသည်။

        ကိုကာကိုလာကုမ္ပဏီကြီးသည် ရူပီးကုဋေ ၄၀၀ မှ ၅၀၀ ကြား ရင်းနှီး မြှုပ်နှံမှုဖြင့် ပုလင်းစက်ရုံတစ်ရုံကို တည်ဆောက်မည်ဖြစ်ပြီး၊ ကြိုတင်အပ် ငွေရူပီး ၁ ဒသမ ၂၆ ကုဋေကိုလည်း တင်ပြထားပြီးဖြစ် ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ် ဆေးမှုများ ပြုလုပ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စ ရပ်များအတွက် အကြံပေးကုမ္ပဏီ တစ်ခုကိုလည်း ငှားရမ်းပြီးဖြစ် ကြောင်း သိရပါသည်။ ကိုကာကိုလာ ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်က Chharba ရွာတွင် စက်ရုံတည်ဆောက်မည့် ကိစ္စအား ရွာသားများက ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကြောင့် ကန့်ကွက်ခဲ့ သည့်အတွက် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရပါ သည်

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့