အီးယူမှ နုတ်ထွက်ပြီးနောက်ပိုင်း ဗြိတိန်နိုင်ငံက မလေးရှားနိုင်ငံနဲ့ ဆက်ဆံရေးကို အလေးပေးဆောင်ရွက်မည်

        နှစ်နိုင်ငံ  အပြန်အလှန်အကျိုး စီးပွားဖြစ်ထွန်းရေးအတွက် မလေးရှား နိုင်ငံနဲ့ ဆက်ဆံရေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဗြိတိသျှမဟာမင်းကြီး ရုံးက အလေးပေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဘာနားမားသတင်း မှာ ဖော်ပြပါတယ်။ "ဝန်ကြီးချုပ်နာဂျစ်အဗ္ဗဒူရာဇတ် ရဲ့ ကြေညာချက်ကို ကျွန်တော်တို့ ကြို ဆိုပါတယ်။ ယူနိုက်တက်ကင်းဒမ်း (ယူကေ) နဲ့  မလေးရှားနိုင်ငံတို့က အရေးပါတဲ့  မဟာမိတ်တွေဖြစ်ပြီး ဒီအခြေအနေကလည်း ပြောင်း လဲသွား မှာ မဟုတ်ပါဘူး"လို့ မလေးရှားနိုင်ငံ ဆိုင်ရာကော်မရှင်နာဗစ်ကီထရက်ဒဲလ် က ဇွန် ၂၄ ရက်က ပြောပါတယ်။
         ဇွန် ၂၃ ရက်မှာ ကျင်းပတဲ့ ဗြိတိသျှဆန္ဒခံယူပွဲမှာ ဥရောပသမဂ္ဂ (အီးယူ)မှ နုတ်ထွက်ဖို့ ဗြိတိန်နိုင်ငံက ဆုံးဖြတ်ချက်ချပြီးနောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ထရက်ဒဲလ်က ယခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ "ဗြိတိသျှလူ မျိုးတွေ အနေနဲ့ အီးယူကထွက်ခွာဖို့ ရွေးခဲ့ပြီးပါပြီ။ ဒီဆုံးဖြတ်ချက်က ဗြိတိသျှလူမျိုးတွေရဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရက ပြည်သူလူထုရဲ့ ဆန္ဒအတိုင်းဆောင်ရွက်ပြီး အီးယူကထွက် ခွာဖို့  တရားဝင်လုပ် ငန်းတွေကို ဥပဒေ ကြောင်းအရစတင်ဆောင်ရွက်ပါတော့မယ်"လို့ ဒဲလ်ကပြောပါတယ်။
        ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးက အခြေခံအားဖြင့် ခိုင်မာပြီး ကမ္ဘာပေါ် မှာ ပဉ္စမမြောက်အင်အားအကြီးမားဆုံး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့  ဂျီ-၇ အဖွဲ့ဝင်၊  ဂျီ-၂၀ အဖွဲ့ဝင်နဲ့ မြောက် အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ဒဲလ်က ပြောပါတယ်။ ၂၀၁၄ ခုနှစ်က  စုစုပေါင်းပြည် တွင်း ထုတ်ကုန်ယူရို  ၁၃ ဒသမ ၉၂၀ ထရီလီယံရှိတဲ့ ဥရောပသမဂ္ဂမှ နုတ် ထွက်ရေးအတွက်  စေ့စပ်ညှိနှိုင်းမှု တွေကို  အပြီးသတ်ဆောင် ရွက်နိုင်ဖို့အတွက် နှစ်နှစ်ခန့် အချိန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲရလဒ်နဲ့ ပတ်သက်တဲ့ မလေးရှားဝန်ကြီးချုပ်နာဂျစ်ရဲ့ ကြေညာချက်မှာလည်း မလေးရှား-ယူကေ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း ပြီး ခိုင်မာေ အာင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

 

ဉာဏ်တင်