ပို့ကုန်မြှင့်တင်ရေးအတွက် ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီမံကိန်းချမှတ်

       ယခုနှစ်ရဲ့ လက်ကျန်ကာလတွေ မှာ ဆောင်ရွက်ရမယ့်  ပို့ကုန်မြှင့်တင် ရေးစီမံကိန်းကို ပြန်လည်သုံးသပ်နိုင် ရေးအတွက် ထိုင်းစီးပွားရေးနဲ့   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သက် ဆိုင်ရာကဏ္ဍများ နဲ့ တွေ့ဆုံသွား မှာဖြစ် ကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါ တယ်။ ပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် ဝန်ကြီးဌာနက ပို့ကုန်ကဏ္ဍရှိ  စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ရှေးဦးစွာ တွေ့ဆုံသွားမှာဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ  ပို့ကုန်မြှင့်တင်ရေး ဌာနညွှန်ကြားရေးမှူးချုပ်  မာလီးချုပ် ကလန်လတ်က ပြောပါတယ်။
      ဝန်ကြီးဌာနက လယ်ယာစိုက်ပျိုး ရေးနဲ့ စားနပ်ရိက္ခာ၊  လျှပ်စစ်အသုံး အဆောင်နဲ့ အစိတ်အပိုင်းများ၊ မော် တော်ကားနဲ့ အစိတ်အပိုင်းများ၊ ချည် မျှင်နဲ့အထည်ချုပ်လုပ်ငန်း၊ ကျောက်သံ ပတ္တမြားနဲ့ လက်ဝတ်ရတနာ၊ ဆောက် လုပ်ရေး၊ ကျန်းမာရေး နဲ့ လူနေမှုပုံစံစတဲ့ လုပ်ငန်းများမှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ယခုနှစ် ဒုတိယနှစ်ဝက်မှာ နိုင်ငံ ကြီးများနဲ့ ထွန်းသစ်စဈေးကွက်နှစ်ခု စလုံးမှာရှိတဲ့   ပို့ကုန်လုပ်ငန်းများကို အလေးပေးဆောင်ရွက်သွားမှာ   ဖြစ် ကြောင်း မာလီးက    ပြောပါတယ်။ ဝန်ကြီးချုပ်နဲ့   ဒုတိယဝန်ကြီးချုပ်တို့ တခြားနိုင်ငံတွေကို သွားရောက်လည် ပတ်ချိန်မှာ အ ဆိုပါနိုင်ငံများရှိ ခရီး သွားလုပ်ငန်းရှင်များနဲ့   စီးပွားရေးလုပ် ငန်းတစ်ခုနှင့်  တစ်ခု   တွေ့ဆုံပွဲ (Business-matching) တွေကို ဆောင် ရွက်သွားမှာ ဖြစ်ကြောင်းလည်း မာလီး ကပြောပါတယ်။
       ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ရည်မှန်းချက်ထားပြီးဆောင်ရွက်တဲ့ နိုင်ငံတွေထဲမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်အပါအဝင် အာဆီယံ နိုင်ငံတွေ၊ တရုတ်နဲ့ အိန္ဒိယစတဲ့နိုင်ငံ တွေ  ပါဝင်ပါတယ်။ အမေရိကန်နို င်ငံ အပါအဝင် နိုင်ငံအများအပြားမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ အတွက် ဒုတိယနှစ်ဝက်မှာ ပို့ုကုန်လုပ် ငန်းတွေဖွံ့ဖြိုးလာမှာ ဖြစ်ကြောင်း မာလီးက ပြောပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) ရဲ့ စီးပွား ရေးအခြေအနေကေ တာ့  အပြောင်းအလဲရှိမှာ မဟုတ်ကြောင်း မာလီးက ပြောပါတယ်။ ရေနံဈေးနှုန်းတွေ မြင့် တက်လာတဲ့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံများရဲ့ စီးပွားရေးကလည်း ပြန်လည်နာလန်ထူလာပြီး ဝယ်လိုအား မြင့်တက်လာနိုင်ကြောင်း နဲ့ ထိုင်းပို့ကုန် လုပ်ငန်းကိုလည်း အကျိုးဖြစ်ထွန်းစေ နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယခု နှစ်အတွင်း ထိုင်းစီးပွားရေး  ဖွံ့ဖြိုးမှု နှုန်းက ၅ ရာခိုင်နှုန်းရှိပါတယ်။