၂၀၁၃ ခုနှစ်တွင် ထိုင်းပို့ကုန် ခုနှစ်ရာခိုင်နှုန်းနီးပါး မြင့်တက်မည်

Tue, 05/07/2013 - 07:35 -- admin

ထိုင်းနိုင်ငံရဲ့ ပို့ကုန်လုပ်ငန်းက ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီမှာ ၅ ဒသမ ၈၃ ရာခိုင်နှုန်းကျဆင်းပြီး ဒေါ်လာနဲ့ တွက်ချက်ပါက ဒေါ်လာ ၁၇ ဒသမ ၉၃ ဘီလီယံဖိုးရှိပြီး ဘတ်ငွေဖြင့်တွက် ချက်ပါက ၅၂၉ ဒသမ ၅၃ ဘီလီယံ ဖိုးရှိခဲ့ကြောင်း ထိုင်းအမျိုးသားသင်္ဘော ပို့ဆောင်ရေးကောင်စီကခန့်မှန်းထားပါတယ်။ ဇွန်လမှ တွက်ချက်ပါက ထိုင်းဘတ်ငွေတန်ဖိုး ၄ ဒသမ ၅၁ ရာခိုင်နှုန်းမြင့်တက်ခြင်းနဲ့ ထိုင်းပို့ကုန်များ ကျဆင်းနေခြင်းကို အကြောင်းပြု၍ကောင် စီဥက္ကဌ ပိုင်ဘွန်း ပွန်ဆုဝန်က ယခုလို ခန့်မှန်းခဲ့တာ ဖြစ်ကြောင်း ထိုင်း နယူးစ် အေဂျင်စီ (TNA) ကဖော်ပြပါတယ်။ ထိုင်းပို့ကုန်တန်ဖိုးက ယခုနှစ်ဇန် နဝါရီက ၁၆ ဒသမ ၉ ရာခိုင်နှုန်းမြင့် တက်ခဲ့ပေမဲ့ ဖေဖော်ဝါရီမှာ ၁၁ ဒသမ ၃၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဒါကြောင့် ထိုင်းနိုင်ငံရဲ့ ပို့ကုန်တန်ဖိုးက ယခုနှစ် ပထမနှစ်လမှာ ၄ ဒသမ ၀၉ ရာခိုင်နှုန်းသာ တိုးတက်မှုရှိလာခဲ့ကြောင်း ဒီငွေကြေးတန်ဖိုးကို ထိုင်းဘတ်ငွေအဖြစ်ပြောင်းလိုက်တဲ့အခါ သုည ဒသမ ၁၃ ရာခိုင်နှုန်း ထပ်ပြီး ကျဆင်းခဲ့ကြောင်း ပိုင်ဘွန်းကပြောပါတယ်။ ဒီအခြေအနေတွေကို ထည့် တွက်ရင် ၂၀၁၃ ခုနှစ်တစ်ခုလုံးမှာ ပျမ်းမျှခြင်းအားဖြင့် ထိုင်းပို့ကုန်တန်ဖိုးက ၆ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်နိုင်မှာဖြစ်ကြောင်း ပိုင်ဘွန်းကပြောပါတယ်။ ထိုင်းစီးပွားရေးနဲ့ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ရည်မှန်းထားတဲ့ ပို့ကုန် တိုးတက်နှုန်း ကိုးရာခိုင်နှုန်းကို အောင်အောင်မြင်မြင်အကောင်အထည် ဖော်နိုင်မယ်ဆိုရင် တစ်လကိုပို့ကုန် တန်ဖိုး ဒေါ်လာ ၂၀ ဒသမ ၅ ဘီလီယံ ဖိုးရှိဖို့ လိုပါမယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ လက်တွေ့တင်ပို့နိုင်တဲ့အားက အမေရိ ကန်ဒေါ်လာ ၁၈ ဘီလီယံပဲရှိမယ်လို့ ဝန်ကြီးဌာနက ကြေညာထားပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်က ၁၄ ရက်အထိမြန်မာနိုင်ငံက ဓာတ်ငွေ့တင် ပို့မှု ရပ်ဆိုင်းထားလို့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားဖြန့်ဖြူးမှုရပ်ဆိုင်းထားတဲ့အတွက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ် ငန်းတွေမှာ ဒေါ်လာဘီလီယံ ၄ ဒသမ ၄၁ ဘီလီယံထိ ပျက်စီးနိုင်ကြောင်း ကောင်စီရဲ့ ဥက္ကဌက ပြောပါတယ်။ ကဏ္ဍအလိုက်ဆုံးရှုံးမှုကိုကြည့်ရင် အီ လက်ထရွန်းနစ်ကဏ္ဍမှာ ဒေါ်လာ ၇၉၆ ဒသမ ၄၁ သန်း၊ မော်တော်ကားလုပ် ငန်းမှာ ဒေါ်လာ ၅၆၆ ဒသမ ၀၃ သန်း စက်ယန္တရားထုတ်လုပ်မှုမှာ ၄၀၂ ဒသမ ၀၄ သန်းနဲ့ ဓာတ်ဆီထုတ်လုပ်မှု လုပ်ငန်းမှာ ၃၀၀ ဒသမ ၀၆ သန်းရှိပါတယ်။ဒါကြောင့်အဖြေထုတ်ကြဖို့အစိုးရ ကို တိုက်တွန်းထားပါတယ်။
ဉာဏ်တင်

International Trade News

Pages