ဧပြီလအတွင်း အာရှဆန်ဈေးနှုန်းများတည်ငြိမ်နေ

Tue, 05/07/2013 - 07:57 -- admin

ဧပြီလအတွင်း အာရှဆန်ဈေးနှုန်းများ ပြောင်းလဲမှု မရှိတည်ငြိမ်နေတယ်။ ထိုင်းဆန်ဈေးနှုန်းများမှာတော့ အနည်း ငယ် ဦးမော့လာတယ်။ ဝယ်လိုအားကြောင့်မဟုတ်ဘဲ ထိုင်း ဘတ်ငွေ တန်ဖိုးမြင့်မားခြင်းကြောင့် ပြည်ပတင်ပို့တဲ့ ဆန်ဈေး မြင့်မားတယ်လို့ သိရတယ်။ ပြည်ပမှ ဝယ်လိုအားမှာတော့ အလွန် ကျဆင်းလျက်ရှိကြောင်း သိရတယ်။
ဗီယက်နမ်ဆန်ဈေးနှုန်းများမှာလည်း အနိမ့်ဈေးမှာ တည်ငြိမ်နေတယ်။ ကမ္ဘာ့ဆန်တင်သွင်းနေကျနိုင်ငံများမှာ ဆန်ဝယ်ယူသိုလှောင်ထားမှုပမာဏ လုံလောက်စွာရှိနေခြင်းက ဝယ်လိုအားကို လျော့နည်းစေတယ်လို့ သိရတယ်။ဒါ့ အပြင် ထိုင်းနဲ့ အိန္ဒိယမှာ ဆန်သိုလှောင်ထားမှုများစွာ ရှိနေခြင်းကလည်း ကမ္ဘာ့ဆန်ရောင်းလိုအား ပိုမိုမြင့်မားစေရေး အထောက်အပံ့ပေးလျက်ရှိတယ်။ ပါကစ္စတန်ကလည်း ၂၀၁၃ ခုနှစ်အတွင်း ဆန်တင်ပို့မှု လျော့နည်းလာရာ ဧပြီလ ၂၀ ရက်နေ့မှစပြီး ပြည်ပကိုတင်ပို့ တဲ့ ၂၅ မှတ်ဆန်ရဲ့ FOB နှုန်းမှာ တစ်တန်ကို ၅ ဒေါ်လာ လျှော့ချလိုက်ပြီး ၃၆၅ ဒေါ်လာ သတ်မှတ် လိုက်တယ်။ ဒါပေမဲ့ အမျိုးအစားတူ ဗီယက်နမ်ဆန်ဖြူထက် တစ်တန်ကို ၁၀ ဒေါ်လာ ဈေးမြင့်နေဆဲဖြစ်တယ်။ အိန္ဒိယ၂၅ မှတ်ဆန်ဖြူ ဆန်ကွဲမှာတော့ တစ်တန်ကို ၃၉၀ ဒေါ်လာနဲ့ ရောင်းချ လျက်ရှိ တယ်။ ၂၀၁၂ ခုနှစ်မှစပြီး ပြည်တွင်းမှာ ဆန်အတွက် အနိမ့်ဆုံးအထောက်အပံ့ပေးသည့်နှုန်း (MSP) ကို မြှင့်တင် လိုက်ခြင်းကြောင့် ပြည်တွင်း ဆန်ဈေးနှုန်းများက လွန်ခဲ့တဲ့ ၆ လမှစပြီး ၁၅ ရာခိုင်နှုန်းဝန်းကျင်မြင့်မားခဲ့ပြီး ဖြစ်တယ်။ ဒီလိုပြည်တွင်း ဆန်ဈေးနှုန်းမြင့်မားခြင်းက ပြည်ပတင်ပို့တဲ့ FOB နှုန်းကိုပါ မြင့်မားစေတယ်လို့ သိရတယ်။        
ပပ

International Trade News

Pages