အိန္ဒိယတွင် ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိတဲ့ သစ်သီးဝလံ စားသုံးမှုများပြားသဖြင့် ပြည်ပမှ တင်သွင်းနေရ

Tue, 05/07/2013 - 07:42 -- admin

ကျန်းမာရေးအတွက်သင့်လျှော်တယ်လို့ အညွှန်းခံနေရတဲ့ သစ်သီးဝလံတွေကတော့ ဒူးရင်းသြဇာ သီး၊ သလဲသီး၊ ဘယ်ရီသီး၊ ဒူးရင်းသီးတို့ဖြစ်ပြီး အဆိုပါသစ်သီးများနဲ့ အခြားသစ်သီးများကို များများ စားကြရန် ပညာပေးမှုများရှိနေတဲ့အတွက် စားသုံးမှုများလာတာနဲ့ အမျှ ပြည်ပမှမှာယူတင်သွင်းမှုကို အိန္ဒိယနိုင်ငံကတိုးမြှင့်ဆောင်ရွက်နေရတယ်လို့  Freshplaza.com သတင်းမှာဖော်ပြထားပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ထုတ်ဖော်ပြောကြားတဲ့ သစ်သီးဝလံအတော်များများကို အိန္ဒိယမှာ စိုက်ပျိုးထွက်ရှိသော်လည်း လိုအပ်ချက်မြင့်တက်လာတဲ့အတွက် လုံလောက်မှုမရှိတာကြောင့် ပြည်ပမှ တင်သွင်းနေရတာဖြစ်ပါတယ်။ ပြည်ပမှတင်သွင်းရတဲ့အတွက် သယ်ယူပို့ဆောင် စရိတ်ကြောင့် သစ်သီးဝလံဈေးတွေ မြင့်မားလျက်ရှိပါတယ်။ စားသုံးသူများကလည်း ပြည်ပမှတင် သွင်းတဲ့ သစ်သီးဝလံများရဲ့ အရွယ်အစား၊ အရည်အသွေးနဲ့ တာရှည်ခံမှုတို့အရ ပြည်တွင်း သစ်သီးဝလံထက် ပိုမိုနှစ်သက်မှုရှိနေကြတယ်လို့ ဒေလီအခြေစိုက်  Hundrajnal & Sons ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး ပြောကြားခဲ့တာဖြစ်ပါတယ်။
CMK

International Trade News

Pages