မလေးရှားပို့ကုန် ပြန်လည်ထူထောင်လာသဖြင့် စားအုန်းဆီဈေးနှုန်း မြင့်တက်လာ

Tue, 05/07/2013 - 04:38 -- admin

မလေးရှား ဆင့်ပွား စာချုပ်စာတမ်းများ အဝယ်ဒိုင်တွင် ဇွန်လအတွက် စားအုန်းဆီ ကြိုပွိုင့်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး မက်ထရစ်တစ်တန် ကို ၂၄၂၆ ရင်းဂစ်နှုန်း (၇၇၈ ဒေါ်လာ) နှုန်းရှိခဲ့ကာ ကွာလာလမ်ပူတွင် မနက်ပိုင်း ဈေးကွက်၌ တစ်တန်ကို ၂၄၂၂ ရင်းဂစ်နှုန်းရှိခဲ့ပါတယ်။ မလေးရှားမှ တင်ပို့မှုဟာ ဖေဖော်ဝါရီ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုလ ပထမ ၁၅ ရက်တွင် ၄ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တန် ၆ ဒသမ ၇၈ သိန်းရှိခဲ့ကြောင်း Societe Generale de Surveillance က မတ် ၁၅ ရက်တွင်ပြောကြားပါတယ်။ စားအုန်းဆီသိုလှောင်လက်ကျန်ဟာ ဒီဇင်ဘာက တန် ၂ ဒသမ ၆၃ သန်းဖြင့် စံချိန်တင်တည်ရှိခဲ့ရာမှ ဖေဖော်ဝါရီမှာ တန် ၂ ဒသမ ၄၄ သန်းရှိခဲ့ကြောင်း မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့မှ ကြေညာပါတယ်။ ဆိုက်ပရပ် ကယ်တင်ရေးကိစ္စနှင့်ပတ်သက်ပြီး ယူဆိုနယ်မြေဘဏ္ဍာရေး ဝန်ကြီးများက လျှော့ ပြောင်းမှုရှိလာလို့ မတ်လ ၁၉ ရက်တွင် အာရှစတော့ဈေးများနှင့် သတ္တုဈေးများ ပြန်လည်ဦးမော့ လာပါတယ်။  "ခုအချိန်ကစပြီး သိုလှောင်ရုံလက်ကျန်တွေ ကျဆင်းလာပါလိမ့်မယ်။ တန် ၂ ဒသမ ၁ သန်း ဒါမှမဟုတ် ၂ ဒသမ ၂ သန်းထိ လျှော့ကျမယ်လို့ ခန့်မှန်းရပါတယ်" လို့ ကွာလာလမ်ပူမှ OSK Investment Bank မှ လေ့လာဆန်းစစ်သူ အယ်ဗင်တိုင်က ပြောပါတယ်။ မေလမှာဖြန့်ချိမဲ့ ပဲပုပ်ဆီဈေးက ချီကာကို ကုန်သွယ်ရေးဘုတ်အဖွဲ့မှာ သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၄၉ ဒသမ ၈၈ ဆင့်ရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ ဖြန့်ချိမဲ့ စားအုန်းဆီသန့်က ၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဒါလီယံကုန်စည်ဒိုင်မှာ မတ်လ ၁၉ ရက်က တစ်ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၆၃၃၈ ယွမ် (၁၀၁၉ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ပဲပုပ်ဆီက သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီးတစ်တန်ကို ၈၁၀၂ ယွမ်နှုန်းရှိခဲ့တယ်လို့ bloomberg.com မှာဖော်ပြထားကြောင်း သိရပါတယ်။                                            
UNT

International Trade News

Pages