ပို့ကုန်ခွန်ကြောင့် မလေးရှားမှာ တင်ပို့မှု ကျဆင်းပြီး စားအုန်းဆီ ဈေးနှုန်းကျ

Tue, 05/07/2013 - 04:15 -- admin

စားအုန်းဆီတင်ပို့မှုအတွက် အခွန်ကို တိုးမြှင့်ကောက်ခံတာကြောင့် သွင်းကုန်သမားများရဲ့ ဝယ်လိုအားကို ထိန်းချုပ်ထားသဖြင့် ကမ္ဘာမှာ ဒုတိယအများဆုံး စားအုန်းဆီတင်ပို့နေတဲ့ မလေးရှားမှ စားအုန်းဆီတင်ပို့မှုဟာ ပဉ္စမမြောက်လအဖြစ် ကျဆင်းမယ့် လက္ခဏာကိုတွေ့ရတယ်။ ထို့ကြောင့်စားအုန်းဆီဈေးဟာ လေးရက်အတွင်း ပထမအကြိမ်အဖြစ် ကျဆင်းခဲ့တယ်။ စားအုန်းဆီရဲ့မေလအတွက် ကြိုပွိုင့်စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး၊ မလေးရှား Derivatives  Exchange မှာ မက်ထရစ်တစ်တန်ကို ၂၄၁၃ ရင်းဂစ် (၇ ဒသမ ၇၇ ဒေါ်လာ)နှုန်းရှိခဲ့တယ်။ ကွာလာလမ်ပူ မှာ မနက်ပိုင်း ဈေးကွက်မှာ ၂၄၃၄ ရင်းဂစ်နှုန်းဖြစ်ခဲ့တယ်။ စားအုန်းဆီတင်ပို့မှုဟာ ဖေဖော်ဝါရီလမှာ စတုတ္ထမြောက်လအဖြစ် ၁၄ ရာခိုင် နှုန်းကျဆင်းပြီး၊ မက်ထရစ်တန် ၁ ဒသမ ၄ သန်းရှိခဲ့ကြောင်း၊ မလေးရှားစားအုန်းဆီ ဘုတ်အဖွဲ့မှ ကြေညာတယ်။ စားအုန်းဆီသိုလှောင်လက်ကျန် ရှင်းလင်းဖို့အတွက် ဇန်နဝါရီလ ၁ ရက်မှစပြီး ပို့ကုန်ခွန်ကို ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အကြား လျှော့ချ မည်ဖြစ်ကြောင်း၊ မလေးရှားအစိုးရက အောက်တိုဘာလမှာ ကြေညာခဲ့တယ်။ အခွန်နှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ သုညရာခိုင်နှုန်း သတ်မှတ်ရာမှ မတ်လမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့တယ်။ စားအုန်းဆီထုတ်လုပ်မှုဟာ ယခင်လက ၁၉ ရာခိုင်နှုန်းကျဆင်းပြီး တန် ၁ ဒသမ ၃ သန်းရှိခဲ့ပြီး၊ သိုလှောင်လက်ကျန်မှာ တန် ၂ ဒသမ ၄၄ သန်းကို ကျဆင်းခဲ့ကြောင်း ဘုတ်အဖွဲ့က  bloomberg.com မှာ မတ်လ ၁၁ ရက်ကပြောတယ်။
UNT

International Trade News

Pages