စိုက်ပျိုးရေးလုပ်ငန်းသုံးဓာတုပစ္စည်းများအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်း စည်းကြပ်ပေးရန် အိန္ဒိယ အဆိုပြု

Tue, 05/07/2013 - 07:11 -- admin

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှတာဝန်ပေးခန့်အပ်ထားသော ကျွမ်းကျင်ပညာရှင်များအဖွဲ့ဟာ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဆေးဝါးများ (ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာစသည်) ကို အသုံးပြုမှု များပြားလာတဲ့ အတွက် ပြည်သူများ ရေရှည်မှာကျောက်ကပ် ပျက်စီးမှုများဖြစ်ပွားလာနိုင်တာကြောင့် ပြည်ပမှ စိုက်ပျိုးရေး လုပ်ငန်းသုံး ဓာတုဆေးဝါးများ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းစည်းကြပ်ပေးရန် အဆိုပြုထားတယ်လို့  dailymirror သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါကျွမ်းကျင်ပညာရှင်များ အဖွဲ့ကို ဆေးဖက်ဆိုင်ရာနဲ့ စိုက်ပျိုးရေးပညာရှင်များနဲ့ ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်ပါတယ်။ အပူပိုင်းရပ်ဝန်းရှိပြည်သူအများမှာ ကပ်ရောဂါ သဖွယ်ကျရောက်စေတဲ့ရောဂါပိုးများ ပျံနှံ့နေခြင်းကြောင့် ကျွမ်းကျင် ပညာရှင်အဖွဲ့အား ဖွဲ့စည်းပြီးလေ့လာ ဆန်းစစ်စေခဲ့တာဖြစ်ပါတယ်။ နှစ်ကာလရှည်ကြာစွာ သုတေသနနဲ့ စမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အိန္ဒိယနိုင်ငံအတွင်းရှိ ဓာတ်မြေသြဇာအသုံးပြုထားသောမြေများမှာ arsenic (စိန်ဒြပ်စင်) နဲ့ cadmium  (သံဖြူဒြပ်စင်) များ တွေ့ရှိရပြီး ရေစေးထန်းမှုများ လာခြင်းဟာ ထိုရောဂါများပေါ်ပေါက်စေမှုရဲ့ အဓိကအကြောင်း အရင်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဖော်ထုတ်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါကျွမ်းကျင်ပညာရှင်များအဖွဲ့အနေနဲ့ အိန္ဒိယတောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုပစ္စည်းများသုံးစွဲမှုကို တားမြစ် ထားရန်နဲ့ လုပ်ငန်းရှင်များအား ဓာတ်မြေသြဇာများနဲ့ ပိုးသတ်ဆေးများ ကြော်ငြာခြင်းကိုတားမြစ်ရန် ပြောကြားထားကြပါတယ်။ သြဂဲနစ်မြေသြဇာမိတ်ဆက်ခြင်း၊ ရေစေးသောက်ခြင်းတို့ကို ရှောင်ရှားရန်နဲ့ဓာတုဆေးဝါးများကို သုံးစွဲခြင်းသည် ကျန်းမာရေးကိုထိခိုက်စေ ကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကြေညာသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်အဖွဲ့က အဆိုပြုထားပါတယ်။အပူပိုင်းရပ်ဝန်းရှိ ပြည်သူများတွင်နာတာရှည် ကျောက်ကပ်ချွတ်ယွင်းမှုဖြစ်စေကြောင်း ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ဖော်ထုတ်ထားနိုင်ခဲ့ကြောင်းနဲ့ Anuradhapura, Polonnaruwa, Dehiattak andiya, Hambontota, Mahiyangare နဲ့ Kantle ပြည်နယ်များမှာ ရောဂါ ဖြစ်ပွားမှုတွေ့ရှိခဲ့ရတယ်လို့ အိန္ဒိယနိုင်ငံထုတ် ဒေးလီးမိုင်ရာ သတင်းမှာဖော်ပြထားပါတယ်။                                      
CMK

International Trade News

Pages