ခန့်မှန်းတန်ဖိုးကျပ် ၁၁၄၅ သိန်းကျော်တန်ဖိုးရှိ ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးဖြတ်စအရွယ်စုံနဲ့လက်ကောက်ကွင်း အရွယ်စုံ လရ-၁ မှသိမ်းဆည်းရမိ

နောင်ချို Asia World Toll Gate  အနီး ယာယီအခြေစိုက် လရ-၁အဖွဲ့မှ တာဝန်ထမ်းဆောင်စဉ် ဇွန်လ ၁၄ ရက် ၀၈း၃၀ မှ ၁ရး၀၀ ချိန်ထိကာလအတွင်းမှာ ယာဉ် လေးစီးရဲ့  ဝမ်းဗိုက်အောက်မှာ သိုဝှက်သယ်ဆောင်လာတဲ့ ကျောက်စိမ်းလို့ယူဆရတဲ့ ကျောက်တုံးအရွယ်စုံ ၁၁၁၅ ကီလိုဂရမ် ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၁၁၅ ၊ လက်ကောက်ကွင်း အရွယ်စုံ ၃၀ ကီလိုဂရမ် ၊ ခန့်မှန်း တန်ဖိုးကျပ် သိန်း ၃၀ ကို Mitsubishi Extra Cab, AD Van,Nissan Van(Wingroad)နဲ့ Odyssey ယာဉ်များပေါ်မှ  ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ကျောက်များကို တင်ဆောင်လာတဲ့ယာဉ်များ ကျောက်များနဲ့အတူ ခန့်မှန်းတန်ဖိုးကျပ်သိန်း ၆၃၀ ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲ ဖွင့်အရေးယူပြီးပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသွားမယ်လို့ သတင်းရရှိပါတယ်။                                                                                                                                          

   MIRT