မြန်မာ့ချင်းစိမ်းများ အင်္ဂလန်သို့ တင်ပို့နိုင်တော့မည်

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် နှစ်သစ်နှင့်အတူ  မြန်မာ့ ချင်းစိမ်းများ အင်္ဂလန်သို့  တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အင်္ဂလန်အနေဖြင့် EU မှ ထွက်ခွာတော့မည်ဖြစ်သည့် အပြင် လတ်တလောကာလတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးအသစ်  တွေ့ရှိသဖြင့် ဥရောပနှင့်အဆက်အသွယ်ပြတ်ပြီး စားသောက် ကုန်  လိုအပ်ချက်မြင့်တက်နေကြောင်း သတင်းများအရ သိရှိ ရသည်။  ချင်းကို မြန်မာနိုင်ငံ  အနှံ့အပြားတွင် စိုက်ပျိုးကြပြီး တောင်ပေါ်ဒေသများ၌ ပိုမိုစိုက်ပျိုးကြောင်း၊ ဟင်းခတ်အမွှေး အကြိုင်အဖြစ်  လည်းကောင်း၊ ပရဆေးအဖြစ်လည်းကောင်း အသုံးပြုကြကြောင်း သိရှိရသည်။ 
ရာသီဖျား  တုပ်ကွေးရောဂါများအတွက် အသုံးပြုနိုင် သည့် မီးဖိုချောင်မှ လွယ်လင့်တကူရရှိနိုင်သော ဆေးစွမ်းတစ် လက်လည်းဖြစ်သည်။ ရှမ်းပြည်နယ် (တောင်ပိုင်း ) ပင်းတယ၊ ဟဲဟိုး စသည့်ဒေသများတွင်လည်း အများအပြားစိုက်ပျိုးကြ ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသည့် ချင်းမျိုးစုံကို MyanFresh Holdings Limited က စမ်းသပ်တင်ပို့နေခြင်းဖြစ် ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် UN Cluster စီမံကိန်း UNIDO မှ အဆိုပါချင်းစိမ်းများအား နမူနာတင်ပို့နိုင်ရေးအတွက် စနစ်တကျ  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်၍ GAP Certificate များ သက်တမ်းတိုးရန် အခက်အခဲရှိနေသော်လည်း ကုန်ဝယ်သည့်နိုင်ငံတွင်သာ မြန်မာ့ချင်းများကို ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် လတ်တလောဈေးကွက် ထိုးဖောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဝယ်လက်က  တောင်းဆိုလာမည့် မြန်မာ့ချင်း မည်သည့် အရွယ်အစားမဆို  တင်ပို့နိုင်ရေးအတွက်  အောင်မြင်ပါစေကြောင်း ဤစာစုကို ရေးသားလိုက်ရပါသည်။

 

သတင်းရင်းမြစ်- Facebook (Sandar Myo Account)
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့