မန်ကျည်းမှည့် လက်ကျန်နည်းကာ ဈေးကောင်းရနေ

     ယခုတစ်ပတ်မန်ကျည်းမှည့် အဝယ်လိုက်ကာ ဈေးကောင်းရလျက်ရှိနေသည်။ ဒေသတွင်းဝယ်လက်သမားများသာ အဝယ် ရှိနေပြီး ယခုတစ်ပတ်အတွင်း ရန်ကုန် နှင့် ရခိုင်ဝယ်လက်တို့မှ အဝယ်ရှိနေခြင်းကြောင့် မန်ကျည်းမှည့်လက်ကျန် နည်း လာ သော်လည်း ဈေးကောင်းရလျက်ရှိသည်။ ယခုတစ်ပတ်မန်ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၂၉၀ဝ ဖြစ်ပြီး ဒေသတွင်း လက်လီတစ်ပိဿာဈေး ကျပ် ၃၄၀ဝ ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေ သည်။ လက်လီသမားများလည်း အဝယ်ရှိနေခြင်းကြောင့် လှောင်သမားတို့၏ လက် ကျန် မန်ကျည်းမှည့် ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။

 

နီနီဝင်း (ပြည်)