မူဆယ်မှ တရုတ်တင်ပို့ သစ်သီးဝလံတင်ပို့မှု

        မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက်  နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင်  အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား  ခုနစ် စီး၊  ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင်  စတင်ခဲ့ပြီး  ဧပြီ၊ မေ၊ ဇွန်လအထိ  လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပြုလာသည်။သရက်သီးတင်ပို့နိုင် ခြင်းမှာ ဧပြီ၊ မေ၊ ဇွန်သရက်သီးရာသီ  တစ်ခုလုံး မေလတွင် အများဆုံးတင်ပို့နိုင်ခဲ့သည်။
       ဇွန်  ၁ ရက်မှ ၂၅  ရက်အထိ  တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့တန်ချိန်မှာ  ၁၂၈၃၇ ဒသမ ၅ တန် ဖြစ်ပြီး ဇွန် ၂၆  ရက်မှ ဇူလိုင် ၂ ရက်ထိ တင်ပို့တန် ချိန်မှာ ၁၅၈၄ တန်၊ ကားစီးရေ ၂၈၈ စီး တင်ပို့နိုင် ခဲ့သည်။ သရက်သီး တင်ပို့  ရောင်းချမှုတွင် ကျောက်ဆည်၊  အုန်းချော၊  ပလိပ်၊  စစ်ကိုင်း၊ ချောင်းဦး၊ ဟန်မြင့်မိုရ်၊ တောင်ကြီးဒေသတို့မှ ဆက်လက်တင်ပို့နေခြင်းဖြစ်ပြီး ဈေးကွက်တွင် စိန်တလုံး၊ ရင်ကွဲ၊ ပတ္တမြားငမောက်သာ တွေ့ရသည်။
     သရက်သီးဈေးမှာ  ရာသီချိန်တစ်လျှောက် လုံး ကြီးမားစွာပြောင်းလဲခြင်းမရှိဘဲ စိုက်ပျိုးသူများ ကျေနပ်လောက်သည့်ဈေးဖြင့်  တစ်သမတ်တည်း အရောင်းအဝယ်ဖြစ်နေသည်။ ဇူလိုင်လတွင် သရက်သီးဈေးမှာ ၁၆ ကီလိုြ ခင်း တစ်ခြင်း လျှင် စိန်တလုံးအိတ်သီးရှယ် ယွမ် ၁၂၀-၁၇၀၊ အလတ်စ ယွမ် ၉၀-၁၁၀ ၊ အသေး ယွမ် ၆၀-၈၀၊ ရင်ကွဲအိတ် စွပ်ယွမ်၆၅-၈၅၊  အိတ်လွတ်ယွမ်၂၅-၄၀၊ ပတ္တမြား ငမောက် ယွမ် ၆၀-၈၀ဈေးဖြင့် အရောင်းအဝယ် ဖြစ်သည်။  ငွေဈေးမှာတစ်ယွမ်လျှင်  သုည ဒသမ ၄၆၅ ဈေးပေါက်ခဲ့ပြီး  တစ်ယွမ်လျှင်၂၁၅ ကျပ်ဈေးဖြင့် ပြောင်းလဲမှုမရှိသဖြင့် သရက်သီးဈေးမှာ ရှယ်စ တစ်တန်လျှင် ယွမ် ၁၀၀၀-၉၃၀၀၊ မြန်မာကျပ်ငွေ သိန်း ၂၀ ဝန်းကျင် ခန့် ရရှိနေခဲ့သည်။ နာနတ်သီးများ စနစ်တကျ တင်ပို့ရောင်းချ နိုင်ရန်အတွက် သီပေါမြို့နှင့် လားရှိုးမြို့နယ်တွင်းမှ  နာနတ်သီးတင်ပို့ရောင်းချသူများ  အစုအဖွဲ့သည် ဇွန် ၂၁ ရက်တွင် မူဆယ်(၁၀၅) ကုန်သွယ်ရေးဇုန် သစ်သီး ဝလံ ကုန်စည်ဒိုင်တွင် တွေ့ဆုံဆွေးနွေးကြ ပြီး နာနတ်သီးများ ဝမ်တိန်ကွင်းအတွင်း သွား ရောက်ရောင်းချရာတွင် အခက်အခဲများစွာရှိ သဖြင့် နာနတ်သီးကားများကို ဖရဲ၊ သခွား၊ သရက် သီးများကဲ့သို့  မူဆယ်(၁၀၅)မိုင် သစ်သီး ကွင်း၌ ရောင်းချလိုကြောင်း ဆွေးနွေးညှိနှိုင်းပြီး သဘော တူညီချက်များ  ရရှိခဲ့ကြောင်း  သစ်သီးဝလံကုန် စည်ဒိုင်နှင့် ပွဲရုံများမှ သိရသည်။

 

စုစုသာ (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဋ္ဌာန)