မြစ်ကြီးနား တညင်းသီးများပေါ်ချိန် ဈေးကောင်းရ

       ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။  မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။  မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍  တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရေ ၅၅၀၀ မှ ၆၅၀၀ ခန့် ပါရှိသော တညင်းသီးတစ်အိတ်  ပို့ဆောင်ခမှာ  ကျပ် ၄၅၀၀ မှ ၅၀၀၀ ထိ ပေးရသည်။ မြစ်ကြီးနားမြို့မှ တစ်နေ့လျှင် တညင်းသီး အိတ်၂၅၀ခန့် ပို့ဆောင်ပေးလျက်ရှိသည်။သို့ဖြစ် ပါ၍ ပေါ်ဦး ပေါ်ဖျား တညင်းသီးစတင်ထွက်ပေါ်လာ ချိန်တွင် ဈေးကောင်း ရရှိကြ၍ တညင်းသီးခြံပိုင်ရှင်များ၊ အရောင်းကုန်စည်ဒိုင်များ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရရှိကြောင်း ဖော်ပြပေးလိုက်ပါ သည်။

 

ခွာညို(မနောမြေ)