တရုတ်နိုင်ငံသို့ ဖရဲသီး ပိုမိုတင်ပို့

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၅ သန်းတန်ဖိုးရှိ ဖရဲသီးတန် ၂၃၁၀၀ ကိုလ ည်းကောင်း၊ ကန်ပိုက်တီမှ အမေရိကန်ဒေါ်လာ ၂၀၉၃ တန်ဖိုးရှိ ဖရဲသီး ၂၂ တန်ကိုလည်းကောင်း တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ကန်ပိုက်တီမှ ဖရဲတင်ပို့မှုမရှိဘဲ မူဆယ်မှ တန် ၁၉၂၀၀၊ ချင်းရွှေဟော်မှ ၅၄ တန်ခွဲနဲ့ လွယ် ဂျယ်မှ ၂ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တရုတ် နိုင်ငံသို့ ဖရဲသီးပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။
        မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်ဈေးကွက်မှာ နိုဝင်ဘာလက တစ်တန်လျှင်ယွမ် ၂၆၀၀ မှ ၃၀၀၀ ကြားရှိခဲ့ပြီး နိုဝင်ဘာလကုန် ပိုင်းမှာ ယွမ် ၁၇၀၀ မှ ယွမ် ၂၃၀၀ ကြားသာရှိတော့ကြောင်း၊ အရည်အေ သွးပိုင်းမှာ ယခင်အသီးတွေထက်လျော့ကျပြီး မူဆယ်သို့ ကားအဝင်များလာတဲ့အတွက် ယခုလိုဈေးကျဆင်းရတာဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီခြင်းမရှိသေးတဲ့ အသီးတွေကို အချိန်မတိုင်ခင် ဆွတ်ခူးရောင်းချတာကြောင့် သစ်သီး ဈေးကွက်ကျဆင်းရတာဖြစ်ကြောင်း ကုန်သည်အချို့ထံမှ သိရပါတယ်။

 

မော်မော်အောင်