အိန္ဒိယနယ်စပ်မှ ကွမ်းသီးတင်ပို့မှု ကျဆင်း

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများမှ ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်ထိသီတင်းပတ်အတွင်း  အမေရိ ကန်ဒေါ်လာ သုညဒသမ ၇၇၄ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၁ တန်ကို အိန္ဒိယ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၄၃၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၃ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းမှပါ ကွမ်းသီးများ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။
        တင်ပို့မှုကိုကြည့်ပါက  ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၈၃ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ ကျော်၊ တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၉၁ သန်း တန်ဖိုးရှိ ကွမ်း သီး ၃၃၁ တန်ကိုတင်ပို့ခဲ့ပါတယ်။ တမူး   ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၂၉၀ သန်းတန်ဖိုးရှိ နန့် ဖာလုံကုန်စုံ၊ စီးကရက်၊ ဘိလပ်မြေတို့ ကိုတန် ၁၂၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၇ သန်းတန်ဖိုးရှိ စောင်၊ မုန့်မျိုးစုံ၊ မစီးဖိနပ်၊ မဝတ်တီ ရှပ်တို့ကို ၆၈ တန်တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ