ပင်လယ်ရေကြောင်းလမ်းမှ မန်ကျည်းတန်ချိန် ၅၀တင်ပို့

     သြဂုတ်လ ၁၃ ရက်မှ ၁၉ ရက် အထိ သီတင်းပတ်အတွင်း မန်ကျည်း တန် ၅၀ကို ထိုင်းနိုင်ငံသို့ ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ  တင်ပို့ခဲ့ပါ တယ်။ ယခင်သီတင်းပတ်က  တင်ပို့ခဲ့ တဲ့ မန်ကျည်း ၁၂၂ တန်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၇၀ ကျော် တင်ပို့ မှု လျော့နည်းတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၁၄၂၅၀ ဝင်ငွေရရှိခဲ့ တယ်လို့သိရပါတယ်။

 

သီတာဝင်း(DOT)