မူဆယ်ရော ချင်းရွှေဟော်မှပါ နှမ်းလျော့နည်းတင်ပို့

      သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ  အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၃၈၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ နှမ်းနက်တစ်မျိုးတည်းသာ တန် ၄၀ ကျော် တင်ပို့ခဲ့ပြီး ချင်းရွှေဟော်မှ နှမ်းနက် ၁၄၁၆ တန်ကျော်၊ နှမ်းဖြူ ၄၂၉ တန်ကျော်၊ နှမ်းဖြူ(အခွံချွ တ်) ၂၂၁ တန်နဲ့ နှမ်းညို ၂၇၄ တန်ခွဲ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခုမှ ၃၂၃၂ တန်ကျော်  တင်ပို့ခဲ့တဲ့အတွက် ၈၄၉ တန်လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည် ဒိုင်မှာ ဇူလိုင် ၂၉ ရက်မှ သြဂု တ် ၄ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူတစ်တန် ၁၃၇၀၅၁ ကျပ်၊ နှမ်းနက်တစ်တန် ၂၁၆၇၃၃၁ ကျပ်ရှိရာမှ သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ သီတင်းပတ်အတွင်း နှမ်းဖြူဈေး ၁၃၈၄၃၀၆ ကျပ်နဲ့ နှမ်းနက်ဈေး ၂၁၈၉၁၃၅ ကျပ် သို့ ဈေးမြင့်တက်လာခဲ့ပါတယ်။ နှစ်စဉ် ပြည်ပသို့ နှမ်းတန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တန်ချိန် တစ်သိန်းခွဲကျော်တင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်လည်း နှမ်းရောင်စုံတန်ချိန် တစ် သိန်းခွဲခန့် တင်ပို့ခဲ့ကြောင်း စာရင်းများ အရ သိရပါတယ်။

 

မော်မော်အောင်