ဘိလပ်မြေဈေးကွက်တော်တော်များများအရောင်းအေး

           ဇူလိုင်လ ၃၀ ရက်မှ  သြဂုတ်လ ၅ ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၁၂၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၈၃၃၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပ တ်မှာ တန်ချိန် ၈၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၂၁၉၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၉၆၂၀ ကျော်ရှိခဲ့တာကြောင့်ဒီတစ်ပတ်မှာ တန် ချိန် ၂၅၆၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေကြောင်းလမ်းမှ အဝင်လျော့ပြီးနယ်စပ်လမ်းမှ အဝင်ပိုခဲ့ပါတယ်။ ရန်ကုန်ဘိလပ်မြေဈေးကွက်မှာ  ဒီတစ်ပတ်အရောင်းအဝယ် နည်းနည်းဖြစ်တယ်။ ဒီတစ်ပတ် မော်လမြိုင်ဆင်က ဈေးနည်းနည်းကျပြီး ကျန်ဘိလပ်မြေများက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ အထိုင် ဈေးမှာဆင်(ထိုင်း)ကျပ် ၅၈၀၀၊ စိန်(ထိုင်း) ကျပ်၅၇၀၀၊ မော်လမြိုင်ဆင် ကျပ်၅၅၀၀၊ ကြံ့နှစ်ကောင်(နီ) ကျပ် ၅၅၅၀၊ ကြံ့နှစ် ကောင်(စိမ်း) ကျပ် ၅၂၅၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဘုရင့်နောင်ပွဲရုံတန်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်း သိရှိရပါတယ်။
        မကွေးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ဒီတစ်ပတ်အပါချီနဲ့ ကြံ့ဘိလပ်မြေများက ဈေးနည်းနည်းကျပြီးဆင်(ထိုင်း) ဘိလပ်မြေက ဈေးငြိမ်နေတယ်လို့သိရပါတယ်။  ဈေးကွက်ထဲ အရောင်း အဝယ် ဖြစ်နေတဲ့ ဈေးမှာ ဆင် (ထိုင်း) ကျပ် ၆၃၅၀၊ အပါချီ (ထိုင်း)ကျပ် ၅၀၅၀၊ ကြံ့ကျပ် ၅၀၀၀၊ မြင်းခေါင်း ကျပ် ၅၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။ မန္တလေးဘိလ ပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ အေသုံးလုံး ကျပ် ၄၉၀၀၊ ကြံ့နှစ်ကောင် ကျပ် ၅၀၀၀၊ အယ်လ်ဖာ ကျပ် ၅၀၀၀၊ ဆင်မင်း(ကျောက် ဆည်) ကျပ် ၄၅၀၀၊ ကျားခေါင်း ကျပ် ၄၅၀၀၊ မြင်းခေါင်း ကျပ် ၄၅၀၀၊ ကြံ့ ကျပ် ၄၃၀၀ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရပါတယ်။ တောင်ကြီးဘိလပ်မြေဈေးကွက်မှာ ဒီတစ် ပတ်အရောင်းအဝယ်အေးပြီး ဈေး ငြိမ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ စိန် (ထိုင်း) ကျပ် ၇၁၀၀၊ အေသုံးလုံးကျပ် ၅၂၀၀၊ အပါချီ ကျပ် ၄၃၀၀၊ ကမ္ဘောဇ ကျပ် ၄၃၀၀၊ နဂါးကျပ် ၄၆၀၀၊ ဆင် (ထိုင်း) ကျပ် ၆၆၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။

 

သီတာဝင်း (DOT)