ထိုင်းနယ်စပ်မှရေထွက်ကုန်တန်ချိန် ၅၀ဝ၀ ကျော်တင်ပို့

       အောက်တိုဘာလ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၂၁ သန်းတန်ဖိုးရှိ ရေထွက် ကုန်တန်ချိန် ၅၀ဝ၀ ကျော်ကို ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀ဝ၀ ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန် ၆၀ဝ ကျော် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရေထွက်ကုန်များတင်ပို့မှု အခြေအနေကိုကြည့်ပါက မြဝတီကုန်သွယ် ေ ရးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်တို့ကို တန်ချိန် ၁၃၀ ကျော် ကော့သောင်းကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ အခြားရေ ထွက် ကုန် ရေဘဝဲ၊ ကင်းမွန်၊ ပင်လယ် ငါးရှဉ့်၊ ပုစွန်၊ကဏန်းတို့ကိုတန်ချိန် ၁၆၀ဝ ကျော်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၁၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ကင်းမွန်၊ ငါးအသားလွှာ၊ ရေငန်ပုစွန်၊ သဲကဏန်း တို့ကို တန်ချိန် ၃၀ဝ၀ ကျော် အသီးသီး တင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေးစခန်း များမှ သတင်းရရှိပါတယ်။

 

ခင်မိုးသူ