သြဂုတ်လတွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်တစ်သိန်းခုနစ်သောင်းကျော်တင်ပို့

Thu, 09/12/2019 - 08:31 -- admin_ygn

      သြဂုတ် ၂၄ ရက်မှ  ၃၀ ရက်အထိ   သီတင်းတစ်ပတ် အတွင်းမြန်မာ-တရုတ်နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းများမှ အမေရိ ကန်ဒေါ်လာ သုည ဒသမ၂၅၄ သန်းတန်ဖိုးရှိဆန်တန်ချိန်  ၈၉၀ ကျော်တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန် မှ တန်ချိန် ၆၀၀၊လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၂၅၀  ကျော်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ တန်ချိန် ၃၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုလတွင်  ကုန်သွယ်ရေးစခန်းများမှ ဆန်တန် ချိန် ၆၈၀၀ ကျော်တင်ပို့ခဲ့ပြီး  ယခင်လတင်ပို့မှုထက် တန်ချိန် ၂၀၀၀၀ ကျော်  လျော့ကျခဲ့ကြောင်းသိရသည်။  ယခုလ တွင်  ဆန်ကွဲတန်ချိန် ၁၀၀၀ ကျော် တင်ပို့ခဲ့သည်။

      ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း  အမေရိကန်ဒေါ်လာ  ကိုးသန်း နီးပါးတန်ဖိုးရှိ ဆန်တန်ချိန်၂၆၅၆၀ကျော်တင်ပို့ခဲ့သည်။ယခု တစ်ပတ် ဆန်တင်ပို့သောနိုင်ငံများမှာ တရုတ်၊ ဖိလစ်ပိုင်၊  ဗီယက်နမ်၊ ရုရှား၊ မလေးရှား၊ မက်ဒါဂါးစကား၊ ကင်မရွမ်၊ ဆွစ်ဇာလန်၊ မိုဇမ်ဘစ်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ အများဆုံးတင်ပို့သော  နိုင်ငံများနှင့် တင်ပို့သော တန်ချိန်များမှာ တရုတ်နို င်ငံသို့ တန်ချိန်၁၃၀၀၀ကျော်၊ ဖိလစ် ပိုင်နိုင်ငံသို့ တန်ချိန် ၅၀၀၊  ဆွစ်ဇာလန်သို့ တန်ချိန် ၁၀၄၀၊ ကင်မရွမ်သို့ တန်ချိန် ၁၀၀၀၊ မိုဇမ်ဘစ်သို့ တန်ချိန် ၂၅၀၀ ကျော်၊အီးယူသို့တန်ချိန် ၆၆၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။   ယခုလတွင် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၃၅ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၁၀၉၈၀၀ ကျော်  တင်ပို့ပြီး ယခင်လတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန်  ၂၀၀၀၀ ကျော် လျော့ကျခဲ့ကြောင်းသိရသည်။

     ယခုတစ်ပတ် ရေကြောင်းမှ အမေရိကန်ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၁၃၅၇၀ ကျော် တင် ပို့ခဲ့သည်။ ယခုတစ်ပတ်ဆန်ကွဲတင်ပို့သော နိုင်ငံများမှာအင်ဒို နီးရှား၊ ထိုင်း၊   အီးယူ၊ မက်ဒါဂါးစကား၊ ဂျီဘူတီ၊ ကင်မရွမ်၊ အီသီရိုးပီးယား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများ ဖြစ်သည်။အဆိုပါနိုင်ငံများအနက်အများဆုံးတင်ပို့မှုများမှာအီးယူနိုင်ငံများသို့ တန်ချိန် ၆၃၀၀ ကျော်၊ အင်ဒိုနီးရှား နိုင်ငံသို့တန်ချိန် ၄၀၀၀၊ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀၀ ကျော် တင်ပို့ခဲ့ပြီး အီသီရိုးပီးယားသို့ တန်ချိန် ၇၇၀ ကျော် တင်ပို့ခဲ့သည်။ ယခုလ တွင် အမေရိကန်ဒေါ်လာ ၁၄ သန်းနီးပါးတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၅၄၀၀၀ ကျော်တင်ပို့ခဲ့ပြီး ယခင်လတင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက တန်ချိန် ၁၀၀ ကျော်  ပိုမိုတင်ပို့ခဲ့ကြောင်း သိရ သည်။ သြဂုတ်လ အတွင်းဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်း မှာ  ဆန်တန်ချိန် ၁၁၆၆၀၀ ကျော်နှင့်ဆန်ကွဲတန်ချိန် ၅၅၀၀၀ ကျော်ဖြစ်ပြီး ယခင်လ တင်ပို့မှုထက် ဆန်ရောဆန်ကွဲပါ လျော့ ကျခဲ့ေ ကြာင်းသိရသည်။

 

ယဉ်ယဉ်အေး

Border Trade News

Pages