ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Thu, 03/28/2024 - 07:00 -- bordertrade

           ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

မတ်လ(၂၃) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၂၈.၀၀၃) ဒေါ်လာသန်း၊ သွင်းကုန်(၃.၆၅၇) ဒေါ်လာသန်း၊ စုစုပေါင်း(၃၁.၈၄၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၄၁.၅၂၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(၂၃)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဆန်၊ နှမ်း၊ ပဲယင်း၊ မြေပဲဆံ၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ မကျည်းသီး(အစေ့ပါ)၊ သခွားမွှေး၊ ကြက်သွန်နီ၊ အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတု၊ ဝါး၊ လောင်စာတောင့်နှင့်သန့်စင်ပြီးသံမှုန့်ိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများ တင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊မတ်လ(၁၉)ရက်မှ မတ်လ(၂၃) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၂၄၂၅) တန်၊ တန်ဖိုး (၄.၃၀၀) ဒေါ်လာသန်း၊ဆန်တင်ပို့အနေဖြင့် တန်ချိန် (၈၀) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ နှမ်းတင်ပို့အနေဖြင့် တန်ချိန် (၃၅) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ပဲယင်း တန်ချိန် (၁၀၆) တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ မြေထောက်ပဲ တန်ချိန် (၆၈) တန်၊ တန်ဖိုး (၀.၀၉၄) ဒေါ်လာသန်း၊ နိုင်လွန်ပဲ တန်ချိန် (၆၈) တန်၊ တန်ဖိုး (၀.၀၄၄)ဒေါ်လာသန်း၊ ပဲလွန်း တန်ချိန် (၆၈) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ သစ်သီးဝလံ တင်ပို့မှုအနေဖြင့်ဖရဲသီး တန်ချိန် (၂၅) တန်၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ ရွှေဖရုံသီး တန်ချိန် (၇၅၂) တန်၊ တန်ဖိုး(၀.၀၇၅)ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၂၃၈) တန်၊ တန်ဖိုး(0.၁၀၀)ဒေါ်လာသန်း  ကြက်သွန်နီ  တန်ချိန် (၁၃၇၂) တန်၊ တန်ဖိုး (0.၅၃၄) ဒေါ်လာသန်း၊သန့်စင်ပြီးသံမှုန့် တန်ချိန် (56) တန်၊ တန်ဖိုး (0.006) ဒေါ်လာသန်း၊ စကျင်ကျောက်ဆင်းတု တန်ချိန် (၁၇.၁၂) တန်၊ တန်ဖိုး (၀.၀၃၁) ဒေါ်လာသန်း၊ လောင်စာတောင့်တန်ချိန် (၅၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းနှင့် ဝါးတန်ချိန် (၃၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၂၈၅.၀၅၀)တန်၊ တန်ဖိုး (၀.၄၆၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၄၁.၂၀၀) တန်၊ တန်ဖိုး (0.၃၃၂) ဒေါ်လာသန်း၊ လူသုံးကုန် ပစ္စည်း တန်ချိန် (၂၈၂.၂၈၀) တန်၊ တန်ဖိုး (၀.၂၂၄) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်း တန်ချိန် (၆၇.၇၀၄)တန်၊ တန်ဖိုး (၀.၅၂၈) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages