ယခုတစ်ပတ် အိန္ဒိယသို့ ကွမ်းသီးတင်ပို့မှု လျော့ကျ

Wed, 06/07/2017 - 04:22 -- admin_ygn

          မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းနဲ့ ရိဒ်ကုန်သွယ်ရေးစခန်းတို့မှ မေ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၈ တန်ကို တင်ပို့ခဲ့ပါတ ယ်။ ယခင်တစ် ပတ်က ၁၀၉၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၁၆၀ လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့နိုင်သော်လည်း တမူးကုန်သွယ်ရေးစခန်း မှ  လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၂၃၃ သန်း တန်ဖိုးရှိ နန့်ဖာလုံအမယ်စုံနဲ့ စီးကရက်တို့ကို ၉ တန်ေ ကျာ်၊ ရိဒ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၁၃၃ သန်း တန်ဖိုးရှိ စီးကရက်နဲ့ မုန့်မျိုးစုံတို့ကို ၉၂ တန် တင်ပို့နိုင် တယ်လို့ သတင်း ရရှိပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages