မိကျောင်းကွမ်းဖတ်စေ့များတိုးမြှင့်တင်ပို့ခြင်းဖြင့် ပြည်ပပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူပြုမည်

Tue, 06/14/2016 - 09:15 -- admin_ygn

         မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ နေ့စဉ်တစ်ဖက်နိုင်ငံသို့ တင်ပို့နေ သည့် လယ်ယာထွက်ကုန် ပစ္စည်းများ တင်ဆောင်ထားသည့် ယာဉ်ကြီး၊ ယာဉ် ငယ်များထဲတွင် မိကျောင်း ကွမ်းဖတ် စေ့တင်ဆောင်ထားသည့် ယာဉ်များ ပါဝင်ကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၀၁၂ သန်းတန်ဖိုးရှိ မိကျောင်းကွမ်း ဖတ်စေ့တန်ချိန် ၃၆၀၈ ဒသမ ၂၀၅ တန်၊ တင်ပို့နိုင်ခဲ့သဖြင့် အများဆုံးပို့ကုန် ၂၀ မစာရင်းတွင်ပါဝင်ပြီး    ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ဧပြီလတွင်  အမေရိ ကန် သုည ဒသမ ၇၈၅ သန်းဖိုးရှိ ၄၇၃ ဒသမ ၄၀ တန်နှင့် မေလတွင် အမေရိ ကန်ဒေါ်လာ တစ်သန်းဖိုးရှိ ၅၈၅ ဒသမ ၅၀  တန်၊  တင်ပို့ နိုင်ခဲ့၍ ပို့ကုန်တိုးမြှင့် ရေးကို တစ်ဖက်တ စ်လမ်းမှ အထောက် အကူပြုသည့် ပို့ကုန်ပစ္စည်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
          မိကျောင်းကွမ်းဖတ်စေ့ကို ပဲခူး တိုင်း၊ ဧရာဝတီတိုင်းတို့တွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပြီး ယခင်က အလေ့ ကျပေါက်သော အပင်မှ အစေ့အား ထုတ်ပြီး တင်ပို့ကြောင်း ယခုအခါ တစ် ဖက် နိုင်ငံမှ ဝယ်လိုအားရှိလာေ သာ ကြောင့် စပါးစိုက်တောင်သူများအနေ ဖြင့် စပါးရိတ် သိမ်းပြီး တပေါင်း၊ တန်ခူးလများတွင် လယ်ယာများသို့ ရေသွင်း ထွန်ယက်ပြီး မိကျောင်း ကွမ်းဖတ်စေ့ကို စပါးကဲ့သို့မျိုးစေ့ကြဲပြီး စိုက်ပျိုးကြ ကြောင်း ရေကြိုက်သည့် အတွ က်  ရေသွင်းစိုက်ပျိုးပြီး  လေးလအကြာ  အသီး မခြောက်ခင်  ရိတ်သိမ်းပြီး နေပူလှန်း ခြင်း၊ မီးအပူချိန်ဖြင့်   ကြပ်တိုက်ခြင်း တို့ပြုလုပ်ပြီး  အစေ့ထုတ်ရကြောင်း၊ ယခုအခါ သီးနှံအခြောက်ခံစက်များ အသုံးပြု၍   အစေ့ထုတ်ကြေ ကြာင်း၊ ကုန်သည်များအနေဖြင့် စိုက်ခင်းအထိ ဆင်း၍ မိကျောင်းကွမ်းဖတ်စေ့ အသန့် အကောင်းအား တစ်ပြည်လျှင် ကျပ် ၂၅၀၀ မှ ၃၀၀၀ ကျပ်အထိ   ပေးဝယ် ကြောင်း၊ အညံ့အား တစ်ပြည်လျှင် ၂၀၀၀ ကျပ် ဖြင့်ပေးဝယ်ကြော င်း သိရှိရပါသည်။ အချို့မြို့မှ ကုန်သည်များက မိကျောင်းကွမ်းဖတ်စေ့ စိုက်ပျိုးသည့် တောင်သူများကို စိုက်ပျိုးရန်အတွက် ငွေကြိုတင် ထုတ်ပေးကြကြောင်း၊ မိကျောင်းကွမ်းဖတ်စေ့ထွက်ရှိမှ မိမိ ပေးထားသော ငွေကိုခုနှိမ်ကြကြော င်း၊ စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ပထမနှစ် မိကျောင်း ကွမ်းဖတ် မျိုးစေ့ တစ်တင်းကြဲပြီးပါက နောက်နှစ်တွင် မျိုးစေ့ ၁၀ ပြည်လောက်သာ ကြဲရကြောင်း၊ နောက်ထပ်အရင်း မများသည့်အတွက် တစ်ပိုင်တစ်နိုင်စိုက် သည့် တောင်သူ များ စပါးစိုက်ပျိုးပြီးပါက သီးထပ်စိုက်ပျိုး ခြင်းဖြင့် ဝင်ငွေတိုးကြောင်း စိုက်ပျိုး သည့်တောင်သူများ၏ ပြောကြားချက် အရ သိရှိရပါသည်။
          ပဲခူးတိုင်း၊  ဧရာဝတီတိုင်းတို့မှ စိုက်ပျိုးထွက်ရှိသော မိကျောင်း ကွမ်းဖတ် စေ့အား ရန်ကုန်နဲ့ မန္တလေးမြို့ အဝယ် ဒိုင်တို့တွင် ဝယ်ယူ စုဆောင်းပြီး ကား တစ်စီးစာ ၁၆ တန်၊ ၁၇ တန် ပြည့်မှသာ တစ်ဖက်နိုင်ငံသို့ တင်ပို့ကြြ ခင်းဖြစ်သည်။ မိကျောင်းကွမ်းဖတ်စေ့ကို   တစ်ဖက် နိုင်ငံတွင် အမျိုးသမီးများ အသားအရေ ချောမွေ့စေရန်သုံးသည့်    အလှကုန် ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်ကြမ်း အဖြစ်   အသုံးပြုကြောင်းနှင့် တရုတ် တိုင်းရင်းပရဆေး များတွင် ထည့်သွင်း အသုံးပြုကြောင်း သိရှိရပါသည်။  ပဲခူး တိုင်းနဲ့ ဧရာဝတီတိုင်းထွက် မိကျောင်း ကွမ်းဖတ်စေ့များအား အရည်အသွေး ပြည့်မီသော ပို့ကုန်ဖြစ်စေရန်အတွက် စိုက်ပျိုးသည်မှ ထုတ်လုပ်သည်အထိ စံချိန်စံညွှန်းပြ ည့်ဝစေရန် အထွက်နှုန်း တိုးသည့် မျိုးကောင်းမျိုးသန့်များ စိုက် ပျိုးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး သည့် တောင်သူများ အား အသိပညာ ပေးရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံ ခြားဝင်ငွေ ပိုမိုတိုးတက်ရရှိမည် ဖြစ်ပါသည်။
မိကျောင်းကွမ်းဖတ်စေ့အား တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လိုင်စင်လျှောက်စရာ မလိုဘဲ ပို့ကုန် အခွန် ၂ ရာခိုင်နှုန်းပေးဆောင် ပြီးပါက တစ်ဖက်နိုင်ငံသို့     တင်ပို့နိုင်ကြောင်း ပို့ကုန်ဈေး တစ်ကီလိုလျှင်   ၂၀၀၀ ကျပ် ရှိပြီး တစ်တန်လျှင် သိန်း ၂၀ ရှိကြောင်း၊    မန္တလေးမှ မူဆယ်ကားခ မိကျောင်း ကွမ်းဖတ်စေ့ တစ်ပိဿာလျှင် ၇၅ ကျပ် ပေးဆောင်ရကြောင်း၊ တစ်တန်ကားခ ၄၆၀၀၀ ကျပ်ကုန်ကျကြောင်း၊ တစ်ဖက် နိုင်ငံသို့ITC ကတ် (တစ်ဦးတည်းပိုင် ထုတ်ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံ တင်) ဖြင့် ငါးရက်လျှင် သိန်း ၁၅၀ နှုန်း မိကျောင်းကွမ်းဖတ်စေ့ ၇ ဒသမ ၅ တန် ခန့် တစ်ပိုင်တစ် နိုင်စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ကြောင်းနှင့် တစ်ဖက်နိုင်ငံ တွင်    မိကျောင်းကွမ်းဖတ်စေ့ တစ် ကီလိုလျှင် ၈ ဒသမ ၅ ယွမ်မှ ၁၀ ဒသမ ၅ ယွမ်အထိ ဈေးရကြောင်း စုံစမ်းသိရှိ ရပါသည်။ ယခင်က   အလေ့ကျပေါက်ပြီး ထွက်ရှိသည့် မိကျောင်းကွမ်းဖတ်စေ့မှ ယခုစနစ် တကျသီးထပ်စိုက် ပျိုးပြီး ထွက်ရှိလာသော မိကျော င်းကွမ်းဖတ် စေ့များကို တစ်ဖက်နိုင်ငံသို့ တင်ပို့ခြင်း ဖြင့် စိုက်ပျိုးသူတောင်သူများ အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးသည့် အပြင် အပြန်တွင်မိမိအိမ်သုံးဒေသသုံး လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည် ပစ္စည်းများကို တစ်ပိုင် တစ်နိုင်တင်သွင်း  ခြင်းဖြင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသ နေပြည်သူများ လူနေမှုအဆင့်မြင့်မားကာတိုင်းပြည်အတွက်လည်း ဝင်ငွေတိုး စေမည်ဖြစ်၍ မိကျောင်းကွမ်းဖတ်စေ့ များအား ယခုထက်ပိုမိုစိုက်ပျိုးထုတ် လုပ်နိုင်စေရန် ရည်ရွယ်၍ ယခုဆောင်း ပါးအား ရေးသားတင်ပြလိုက်ရပါသည်။

 

ကြည်ကြည်မြင့်-- မူဆယ်

Border Trade News

Pages