ဇူလိုင်နောက်ဆုံးပတ်အတွင်း ထိုင်းနယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့

Thu, 08/11/2016 - 07:41 -- admin_ygn

        မြန်မာ-ထိုင်း နယ်စပ်ရှိ  ကုန် သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစန်းများမှ ဇူလိုင် နောက်ဆုံးပတ်အတွင်း  အမေရိ ကန်  ဒေါ်လာ ၂ ဒသမ ၃၇၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်ချိန် ၂၄၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ဇူလိုင် တတိ ယ ပတ်ထက် ရေထွက်ကုန် တန် ၃၅၀ ကျော်  ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
      ရေထွက်ကုန်  ပစ္စည်းများကို မြဝတီ ကုန်သွယ်ရေးဇုန်မှ  အမေရိကန် ဒေါ်လာ သုညဒသမ ၀၇၂ သန်း တန်ဖိုး ရှိ ငါးမျိုးစုံ  တန် ၅၀ ကျော်၊ အမေရိကန် ဒေါ်လာ သုညဒသမ ၀၆၄ သန်း တန်ဖိုး ရှိ ကဏန်း တန် ၂၀ ကျော်၊  အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၅ သန်း တန်ဖိုး ရှိ ပုစွန် ၂ တန် ကိုလည်းကောင်း၊  ကော့ သောင်းကုန်သွယ်ရေးစခန်းမှ  အမေရိ ကန်ဒေါ်လာ  သုညဒသမ ၄၁၂ သန်း တန်ဖိုးရှိ  ငါးမျိုးစုံတန် ၅၀၀ ကျော် ၊ အမေရိကန်ေ ဒါ်လာ  သုညဒသမ ၀၂၇ သန်း တန်ဖိုးရှိ  အခြားရေထွက်ပစ္စည်း တန် ၃၀ နီးပါး၊  အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၆ သန်းတန်ဖိုးရှိ ပုစွန် ၃ တန်၊ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၁၄ သန်း တန်ဖိုးရှိ  ကင်းမွန် ၈ တန်နဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၆ သန်း တန်ဖိုးရှိ ကဏန်း ၄ တန် ကျော်ကိုလည်းကောင်း၊ မြိတ်ကုန်သွယ် ရေးစခန်း မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၂ သန်း တန်ဖိုးရှိ ငါးမျိုးစုံ တန်  ၁၀၀၀ ကျော် ၊ အမေရိကန်ဒေါ်လာ သုညဒသမ  ၁၀၆ သန်း တန်ဖိုးရှိ ရေငန်ပုစွန်  တန် ၂၀ ၊  အမေရိကန် ဒေါ်လာ သုညဒသမ ၁၆၆ သန်း တန်ဖိုး ရှိ ငါးမှုန့်တန် ၁၈၀ ကျော်၊  အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅ သန်း တန် ဖိုးရှိ ကင်းမွန် ၂ တန် ကျော်ကို တင်ပို့ နိုင်တယ်လို့ ကုန်သွယ်ရေးစခန်းများ မှသိရပါတယ်။

 

ခင်မိုးသူ

Border Trade News

Pages