၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်လျာထားချက်အပေါ် ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ ၈    ၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် နေပြည်တော်၊ ရုံးအမှတ်- ၃၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ- ၁ ၌ ကျင်းပပြုလုပ်ခဲ့ သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ပပို့ကုန်လျာထားချက်အပေါ် ကဏ္ဍအလိုက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အမှာစကားပြောကြားသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု တိုးမြှင့်ထုတ်ရမည် ဖြစ်သကဲ့သို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရန်လည်း လိုအပ်ပါကြောင်း၊  ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မတိုင်မီ ပြည်ပတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် ရှိသော်လည်း ၂၀၁၉-၂၀၂၀၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မတိုင်မီကာလထက် ၈၀ ရာခိုင်နှုန်းခန့်အထိ ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရသဖြင့် ယခုနှစ်တွင်လည်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ မြန်မာ့ပြည်ပပို့ကုန်များ၏ အဓိကဈေးကွက်များမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့ ဖြစ်ပါ ကြောင်း၊ ပို့ကုန်စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့လည်းကောင်း၊ ပဲမျိုးစုံတင်ပို့မှု၏ ၅၂ ရာခိုင်နှုန်းခန့်ကို အိန္ဒိယနိုင်ငံသို့လည်းကောင်း တင်ပို့လျက်ရှိပါကြောင်း၊ မြန်မာပို့ကုန် အများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး ထုတ်ကုန်များဖြစ်ရာ အပင်ရောဂါနှင့် ပိုးမွှားကင်းစင်ရေး (Sanitary and Phytosanitary – SPS) နှင့် အခြားစံချိန်စံညွှန်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစွာ ထုတ်လုပ်နိုင်မှသာလျှင် ဈေးကွက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက် ဝေစုရရှိပြီးသား နိုင်ငံများအပြင် ဈေးကွက်ချဲ့ထွင် တင်ပို့ရေးအတွက်ကိုလည်း ဆောင် ရွက်ရမည်ဖြစ်ရာ ဈေးကွက်ဝင်ရောက်ခွင့်ရရှိရေးအတွက် အစိုးရအနေဖြင့် G to G ဆွေးနွေး ညှိနှိုင်းမှုများနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး အဓိကလိုအပ်ချက်ဖြစ်သည့် ကုန်သွယ်မှုလျင်မြန်ချောမွေ့ စေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အစည်းအဝေးသို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကဏ္ဍအလိုက် အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ကုန်စည် တစ်မျိုးချင်းအပေါ် လျာထားချက်နှင့် တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း  သတင်းရရှိသည်။