မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၇-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၄၈၆၄၃.၁၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၄၇.၇၆၃)သန်း၊ နယ်စပ်မှ (၂၆၆၅၂.၀၅၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂.၁၃၀)သန်း၊ စုစုပေါင်း (၇၇၅၂၉၅.၂၀၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၆၉.၈၉၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၇-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
| စဉ် | အကြောင်းအရာ | 
 | ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  | ||
| ပင်လယ် | နယ်စပ် | ပေါင်း | |||
| ၁ | မတ်ပဲ | US$ | ၂၈၇.၆၆၆ | ၀.၀၆၂ | ၂၈၇.၇၂၈ | 
| တန် | ၂၉၀၈၅၆.၉၈၉ | ၆၆.၀၀၀ | ၂၉၀၉၂၂.၉၈၉ | ||
| ၂ | ပဲတီစိမ်း | US$ | ၁၆၃.၇၂၄ | ၂.၃၈၂ | ၁၆၆.၁၀၆ | 
| တန် | ၂၄၉၆၂၈.၇၇၁ | ၃၇၃၉.၂၅၆ | ၂၅၃၃၆၈.၀၂၇ | ||
| ၃ | ပဲစဉ်းငုံ | US$ | ၁၁၇.၃၁၃ | 
 | ၁၁၇.၃၁၃ | 
| တန် | ၁၀၀၈၉၆.၀၀၀ | 
 | ၁၀၀၈၉၆.၀၀၀ | ||
| ၄ | ကုလားပဲ | US$ | ၂.၅၆၄ | 
 | ၂.၅၆၄ | 
| တန် | ၂၈၅၃.၈၁၆ | 
 | ၂၈၅၃.၈၁၆ | ||
| ၅ | ပဲလွန်းဖြူ | US$ | ၁၄.၇၇၃ | 
 | ၁၄.၇၇၃ | 
| တန် | ၂၁၉၁၃.၀၃၇ | 
 | ၂၁၉၁၃.၀၃၇ | ||
| ၆ | မြေထောက်ပဲ | US$ | ၁၀.၃၂၂ | ၁.၇၉၆ | ၁၂.၁၁၈ | 
| တန် | ၁၀၀၆၃.၅၇၄ | ၁၅၆၁.၀၀၀ | ၁၁၆၂၄.၅၇၄ | ||
| ၇ | ထောပတ်ပဲ | US$ | ၁၆.၂၁၇ | ၈.၄၂၁ | ၂၄.၆၃၈ | 
| တန် | ၁၄၂၁၉.၀၉၀ | ၇၆၄၂.၅၀၀ | ၂၁၈၆၁.၅၉၀ | ||
| ၈ | ပဲယင်း | US$ | ၂၄.၃၀၈ | ၃.၉၄၁ | ၂၈.၂၄၉ | 
| တန် | ၄၃၁၅၀.၁၅၀ | ၆၇၆၀.၉၉၀ | ၄၉၉၁၁.၁၄၀ | ||
| ၉ | ပဲကြီး | US$ | ၃.၀၀၇ | ၂.၄၁၈ | ၅.၄၂၅ | 
| တန် | ၃၂၇၉.၀၃၆ | ၂၆၈၈.၀၀၀ | ၅၉၆၇.၀၃၆ | ||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၆၀၇ | 
 | ၁.၆၀၇ | 
| တန် | ၂၇၃၃.၃၅၃ | 
 | ၂၇၃၃.၃၅၃ | ||
| ၁၁ | စွန်တာပြာ | US$ | ၀.၂၉၂ | ၀.၀၅၉ | ၀.၃၅၁ | 
| တန် | ၄၆၈.၃၀၀ | ၉၉.၀၀၀ | ၅၆၇.၃၀၀ | ||
| ၁၂ | ပဲကတ္တီပါ (စွန်တာနီ/ပြာ) | US$ | 
 | 
 | 
 | 
| တန် | 
 | 
 | 
 | ||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၂၈ | 
 | ၀.၀၂၈ | 
| တန် | ၂၄.၀၀၀ | 
 | ၂၄.၀၀၀ | ||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၅.၁၉၉ | 
 | ၅.၁၉၉ | 
| တန် | ၇၈၀၄.၅၀၉ | 
 | ၇၈၀၄.၅၀၉ | ||
| ၁၅ | ပဲပုတ်စေ့ | US$ | 
 | 
 | 
 | 
| တန် | 
 | 
 | 
 | ||
| ၁၆ | ပဲနီကြား | US$ | 
 | ၁.၂၆၇ | ၁.၂၆၇ | 
| တန် | 
 | ၂၁၁၁.၀၀၀ | ၂၁၁၁.၀၀၀ | ||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၉၂ | ၀.၆၀၂ | ၀.၇၉၄ | 
| တန် | ၂၉၉.၉၉၃ | ၉၂၆.၀၀၀ | ၁၂၂၅.၉၉၃ | ||
| ၁၈ | မြေပဲဆံ | US$ | ၀.၄၉၂ | ၀.၉၇၉ | ၁.၄၇၁ | 
| တန် | ၃၇၂.၉၄၇ | ၇၅၈.၃၀၇ | ၁၁၃၁.၂၅၄ | ||
| ၁၉ | အခြားပဲ | US$ | ၀.၀၅၉ | ၀.၂၀၃ | ၀.၂၆၂ | 
| တန် | ၇၉.၅၉၀ | ၃၀၀.၀၀၀ | ၃၇၉.၅၉၀ | ||
| 
 | ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၄၇.၇၆၃ | ၂၂.၁၃၀ | ၆၆၉.၈၉၃ | 
| တန် | ၇၄၈၆၄၃.၁၅၅ | ၂၆၆၅၂.၀၅၃ | ၇၇၅၂၉၅.၂၀၈ | ||
