မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၂-၇-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၁၈၁၆၀.၁၄၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၂၁.၃၇၆)သန်း၊ နယ်စပ်မှ (၂၅၁၉၄.၀၅၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၁.၀၇၈)သန်း၊ စုစုပေါင်း (၇၄၃၃၅၄.၁၉၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၄၂.၄၅၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၂-၇-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| 
 တန်ဖိုး- အမေရိကန်ဒေါ်လာသန်း  | 
|||||
| 
 စဉ်  | 
 အကြောင်းအရာ  | 
 
  | 
 ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်   | 
||
| 
 ပင်လယ်  | 
 နယ်စပ်  | 
 ပေါင်း  | 
|||
| 
 ၁  | 
မတ်ပဲ | 
 US$  | 
 ၂၇၄.၃၆၇  | 
 ၀.၀၆၂  | 
 ၂၇၄.၄၂၉  | 
| 
 တန်  | 
 ၂၇၇၈၈၇.၂၁၈  | 
 ၆၆.၀၀၀  | 
 ၂၇၇၉၅၃.၂၁၈  | 
||
| 
 ၂  | 
ပဲတီစိမ်း | 
 US$  | 
 ၁၅၆.၃၅၀  | 
 ၂.၀၆၉  | 
 ၁၅၈.၄၁၉  | 
| 
 တန်  | 
 ၂၃၈၆၂၂.၅၂၂  | 
 ၃၂၅၃.၂၅၆  | 
 ၂၄၁၈၇၅.၇၇၈  | 
||
| 
 ၃  | 
ပဲစဉ်းငုံ | 
 US$  | 
 ၁၁၅.၄၇၈  | 
 
  | 
 ၁၁၅.၄၇၈  | 
| 
 တန်  | 
 ၉၉၄၈၉.၅၀၀  | 
 
  | 
 ၉၉၄၈၉.၅၀၀  | 
||
| 
 ၄  | 
ကုလားပဲ | 
 US$  | 
 ၂.၄၃၈  | 
 
  | 
 ၂.၄၃၈  | 
| 
 တန်  | 
 ၂၇၀၉.၈၁၆  | 
 
  | 
 ၂၇၀၉.၈၁၆  | 
||
| 
 ၅  | 
ပဲလွန်းဖြူ | 
 US$  | 
 ၁၄.၃၅၅  | 
 
  | 
 ၁၄.၃၅၅  | 
| 
 တန်  | 
 ၂၁၃၆၇.၄၇၇  | 
 
  | 
 ၂၁၃၆၇.၄၇၇  | 
||
| 
 ၆  | 
မြေထောက်ပဲ | 
 US$  | 
 ၉.၉၀၆  | 
 ၁.၇၅၃  | 
 ၁၁.၆၅၉  | 
| 
 တန်  | 
 ၉၆၆၀.၅၈၄  | 
 ၁၅၂၇.၀၀၀  | 
 ၁၁၁၈၇.၅၈၄  | 
||
| 
 ၇  | 
ထောပတ်ပဲ | 
 US$  | 
 ၁၅.၇၂၀  | 
 ၈.၃၀၉  | 
 ၂၄.၀၂၉  | 
| 
 တန်  | 
 ၁၃၈၇၁.၂၉၀  | 
 ၇၅၄၁.၅၀၀  | 
 ၂၁၄၁၂.၇၉၀  | 
||
| 
 ၈  | 
ပဲယင်း | 
 US$  | 
 ၂၂.၀၅၉  | 
 ၃.၅၃၂  | 
 ၂၅.၅၉၁  | 
| 
 တန်  | 
 ၃၉၇၂၅.၁၅၀  | 
 ၆၁၅၅.၉၉၀  | 
 ၄၅၈၈၁.၁၄၀  | 
||
| 
 ၉  | 
ပဲကြီး | 
 US$  | 
 ၂.၉၇၅  | 
 ၂.၃၂၈  | 
 ၅.၃၀၃  | 
| 
 တန်  | 
 ၃၂၄၄.၅၂၁  | 
 ၂၅၈၈.၀၀၀  | 
 ၅၈၃၂.၅၂၁  | 
||
| 
 ၁၀  | 
ပဲကတ္တီပါ(စွန်တာနီ) | 
 US$  | 
 ၁.၅၂၄  | 
 
  | 
 ၁.၅၂၄  | 
| 
 တန်  | 
 ၂၅၈၄.၃၇၃  | 
 
  | 
 ၂၅၈၄.၃၇၃  | 
||
| 
 ၁၁  | 
စွန်တာပြာ | 
 US$  | 
 ၀.၂၉၂  | 
 ၀.၀၅၉  | 
 ၀.၃၅၁  | 
| 
 တန်  | 
 ၄၆၈.၃၀၀  | 
 ၉၉.၀၀၀  | 
 ၅၆၇.၃၀၀  | 
||
| 
 ၁၂  | 
ပဲကတ္တီပါ (စွန်တာနီ/ပြာ)  | 
 US$  | 
 
  | 
 
  | 
 
  | 
| 
 တန်  | 
 
  | 
 
  | 
 
  | 
||
| 
 ၁၃  | 
ပဲဖြူလေး | 
 US$  | 
 ၀.၀၂၈  | 
 
  | 
 ၀.၀၂၈  | 
| 
 တန်  | 
 ၂၄.၀၀၀  | 
 
  | 
 ၂၄.၀၀၀  | 
||
| 
 ၁၄  | 
ဘိုကိတ်ပဲ | 
 US$  | 
 ၅.၁၉၉  | 
 
  | 
 ၅.၁၉၉  | 
| 
 တန်  | 
 ၇၈၀၄.၅၀၉  | 
 
  | 
 ၇၈၀၄.၅၀၉  | 
||
| 
 ၁၅  | 
ပဲပုတ်စေ့ | 
 US$  | 
 
  | 
 
  | 
 
  | 
| 
 တန်  | 
 
  | 
 
  | 
 
  | 
||
| 
 ၁၆  | 
ပဲနီကြား | 
 US$  | 
 
  | 
 ၁.၂၄၈  | 
 ၁.၂၄၈  | 
| 
 တန်  | 
 
  | 
 ၂၀၈၀.၀၀၀  | 
 ၂၀၈၀.၀၀၀  | 
||
| 
 ၁၇  | 
နိုင်လွန်ပဲ | 
 US$  | 
 ၀.၁၉၂  | 
 ၀.၅၅၇  | 
 ၀.၇၄၉  | 
| 
 တန်  | 
 ၂၉၉.၉၉၃  | 
 ၈၅၆.၀၀၀  | 
 ၁၁၅၅.၉၉၃  | 
||
| 
 ၁၈  | 
မြေပဲဆံ | 
 US$  | 
 ၀.၄၄၀  | 
 ၀.၉၇၉  | 
 ၁.၄၁၉  | 
| 
 တန်  | 
 ၃၃၁.၆၉၇  | 
 ၇၅၈.၃၀၇  | 
 ၁၀၉၀.၀၀၄  | 
||
| 
 ၁၉  | 
အခြားပဲ | 
 US$  | 
 ၀.၀၅၃  | 
 ၀.၁၈၂  | 
 ၀.၂၃၅  | 
| 
 တန်  | 
 ၆၉.၁၉၀  | 
 ၂၆၉.၀၀၀  | 
 ၃၃၈.၁၉၀  | 
||
| 
 
  | 
ပဲတင်ပို့မှုစုစုပေါင်း | 
 US$  | 
 ၆၂၁.၃၇၆  | 
 ၂၁.၀၇၈  | 
 ၆၄၂.၄၅၄  | 
| 
 တန်  | 
 ၇၁၈၁၆၀.၁၄၀  | 
 ၂၅၁၉၄.၀၅၃  | 
 ၇၄၃၃၅၄.၁၉၃  | 
||
