မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၆၀၈၀၈.၂၁၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၉၇.၈၁၁)သန်း၊ နယ်စပ်မှ (၁၇၀၈၃.၆၈၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄.၆၁၁)သန်း၊ စုစုပေါင်း (၄၇၇၈၉၁.၈၉၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၂.၄၂၂)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၃၁-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
တန်ဖိုး- အမေရိကန်ဒေါ်လာသန်း |
|||||
စဉ် |
အကြောင်းအရာ |
|
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် |
||
ပင်လယ် |
နယ်စပ် |
ပေါင်း |
|||
၁ |
မတ်ပဲ |
US$ |
၁၈၁.၈၇၈ |
၀.၀၆၂ |
၁၈၁.၉၄၀ |
မတန် |
၁၈၇၅၅၀.၇၆၀ |
၆၆.၀၀၀ |
၁၈၇၆၁၆.၇၆၀ |
||
၂ |
ပဲတီစိမ်း |
US$ |
၈၇.၃၄၅ |
၀.၅၇၅ |
၈၇.၉၂၀ |
မတန် |
၁၃၃၇၉၄.၉၂၉ |
၈၉၉.၀၁၉ |
၁၃၄၆၉၃.၉၄၈ |
||
၃ |
ပဲစဉ်းငုံ |
US$ |
၇၆.၃၃၅ |
|
၇၆.၃၃၅ |
မတန် |
၆၇၄၆၇.၀၀၀ |
|
၆၇၄၆၇.၀၀၀ |
||
၄ |
ကုလားပဲ |
US$ |
၁.၁၁၅ |
|
၁.၁၁၅ |
မတန် |
၁၂၅၉.၅၆၁ |
|
၁၂၅၉.၅၆၁ |
||
၅ |
ပဲလွန်းဖြူ |
US$ |
၁၀.၁၇၁ |
|
၁၀.၁၇၁ |
မတန် |
၁၅၄၅၇.၀၃၉ |
|
၁၅၄၅၇.၀၃၉ |
||
၆ |
မြေထောက်ပဲ |
US$ |
၆.၃၁၅ |
၁.၅၆၉ |
၇.၈၈၄ |
မတန် |
၆၀၆၄.၈၉၉ |
၁၃၆၄.၀၀၀ |
၇၄၂၈.၈၉၉ |
||
၇ |
ထောပတ်ပဲ |
US$ |
၁၀.၉၄၁ |
၆.၁၅၂ |
၁၇.၀၉၃ |
မတန် |
၉၈၈၈.၄၆၀ |
၅၆၈၃.၅၀၀ |
၁၅၅၇၁.၉၆၀ |
||
၈ |
ပဲယင်း |
US$ |
၁၅.၄၃၆ |
၂.၁၄၀ |
၁၇.၅၇၆ |
မတန် |
၂၇၉၃၃.၄၇၇ |
၃၈၂၈.၉၉၀ |
၃၁၇၆၂.၄၆၇ |
||
၉ |
ပဲကြီး |
US$ |
၂.၄၅၆ |
၁.၆၆၅ |
၄.၁၂၁ |
မတန် |
၂၆၇၁.၂၃၂ |
၁၈၅၂.၀၀၀ |
၄၅၂၃.၂၃၂ |
||
၁၀ |
ပဲကတ္တီပါ(စွန်တာနီ) |
US$ |
၁.၁၁၈ |
|
၁.၁၁၈ |
မတန် |
၁၈၉၄.၁၂၃ |
|
၁၈၉၄.၁၂၃ |
||
၁၁ |
စွန်တာပြာ |
US$ |
၀.၁၉၃ |
|
၀.၁၉၃ |
မတန် |
၃၀၉.၀၀၀ |
|
၃၀၉.၀၀၀ |
||
၁၂ |
ပဲကတ္တီပါ(စွန်တာနီ/ပြာ) |
US$ |
|
၀.၀၃၉ |
၀.၀၃၉ |
မတန် |
|
၆၄.၀၀၀ |
၆၄.၀၀၀ |
||
၁၃ |
ပဲဖြူလေး |
US$ |
၀.၀၂၈ |
|
၀.၀၂၈ |
မတန် |
၂၄.၀၀၀ |
|
၂၄.၀၀၀ |
||
၁၄ |
ဘိုကိတ်ပဲ |
US$ |
၄.၀၃၈ |
|
၄.၀၃၈ |
မတန် |
၆၀၁၂.၉၉၅ |
|
၆၀၁၂.၉၉၅ |
||
၁၅ |
ပဲပုတ်စေ့ |
US$ |
|
|
|
မတန် |
|
|
|
||
၁၆ |
ပဲနီကြား |
US$ |
|
၁.၁၃၅ |
၁.၁၃၅ |
မတန် |
|
၁၈၉၂.၀၀၀ |
၁၈၉၂.၀၀၀ |
||
၁၇ |
နိုင်လွန်ပဲ |
US$ |
၀.၁၆၁ |
၀.၄၇၀ |
၀.၆၃၁ |
မတန် |
၂၅၀.၀၀၀ |
၇၂၂.၀၀၀ |
၉၇၂.၀၀၀ |
||
၁၈ |
မြေပဲဆံ |
US$ |
၀.၂၄၀ |
၀.၆၆၉ |
၀.၉၀၉ |
မတန် |
၁၈၀.၉၅၀ |
၅၁၁.၁၇၂ |
၆၉၂.၁၂၂ |
||
၁၉ |
အခြားပဲ |
US$ |
၀.၀၄၁ |
၀.၁၃၅ |
၀.၁၇၆ |
မတန် |
၄၉.၇၈၉ |
၂၀၁.၀၀၀ |
၂၅၀.၇၈၉ |
||
ပဲတင်ပို့မှုစုစုပေါင်း |
US$ |
၃၉၇.၈၁၁ |
၁၄.၆၁၁ |
၄၁၂.၄၂၂ |
|
မတန် |
၄၆၀၈၀၈.၂၁၄ |
၁၇၀၈၃.၆၈၁ |
၄၇၇၈၉၁.၈၉၅ |