မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
 

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၅၂၃၂၀၃.၃၇၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၇၇.၉၉၇)သန်း၊ နယ်စပ်မှ (၁၅၂၆၇၈.၉၄၄) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၃၆.၀၁၄) သန်း၊ စုစုပေါင်း (၁၆၇၅၈၈၂.၃၂၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၄၁၄.၀၁၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
 
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ
ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
( ၂၂-၃-၂၀၂၄) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၆၉၁.၈၀၃ ၂.၈၃၈ ၆၉၄.၆၄၁
ကီလို ၇၄၉၇၉၈.၆၁၉ ၂၅၆၀.၈၂၅ ၇၅၂၃၅၉.၄၄၄
  ပဲတီစိမ်း US$ ၂၈၀.၇၇၀ ၃၈.၉၄၀ ၃၁၉.၇၁၀
ကီလို ၄၂၀၇၈၉.၂၉၅ ၅၇၁၈၈.၉၀၆ ၄၇၇၉၇၈.၂၀၁
  ပဲစဉ်းငုံ US$ ၁၉၁.၀၉၆ ၀.၀၀၀ ၁၉၁.၀၉၆
ကီလို ၂၀၀၂၉၂.၉၀၉ ၀.၀၀၀ ၂၀၀၂၉၂.၉၀၉
  ကုလားပဲ US$ ၄.၁၅၉ ၀.၀၀၀ ၄.၁၅၉
ကီလို ၄၂၁၇.၈၅၅ ၀.၀၀၀ ၄၂၁၇.၈၅၅
  ပဲလွန်းဖြူ US$ ၃၁.၀၀၁ ၃.၃၆၈ ၃၄.၃၆၉
ကီလို ၄၇၇၁၈.၅၂၀ ၅၄၉၀.၄၁၈ ၅၃၂၀၈.၉၃၈
  မြေထောက်ပဲ US$ ၂၀.၃၁၈ ၂၆.၀၁၀ ၄၆.၃၂၈
ကီလို ၂၀၀၇၄.၄၆၇ ၁၈၅၄၆.၄၆၁ ၃၈၆၂၀.၉၂၈
  ထောပတ်ပဲ US$ ၁၄.၂၅၈ ၇.၇၃၈ ၂၁.၉၉၆
ကီလို ၁၄၀၆၃.၆၁၇ ၇၀၂၉.၅၈၁ ၂၁၀၉၃.၁၉၈
   ပဲယင်း US$ ၂၇.၈၀၁ ၂၅.၅၄၄ ၅၃.၃၄၅
ကီလို ၄၃၄၃၄.၈၈၂ ၃၁၇၃၇.၆၁၅ ၇၅၁၇၂.၄၉၇
  ပဲကြီး US$ ၂.၆၇၄ ၁.၄၂၁ ၄.၀၉၅
ကီလို ၂၆၁၂.၂၃၁ ၁၄၁၉.၀၀၀ ၄၀၃၁.၂၃၁
  ၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၃.၃၆၃   ၃.၃၆၃
ကီလို ၅၃၆၉.၅၀၈   ၅၃၆၉.၅၀၈
  ၁၁ စွန်တာပြာ US$ ၀.၇၇၆ ၀.၀၀၀ ၀.၇၇၆
ကီလို ၁၁၈၉.၆၈၀ ၀.၀၀၀ ၁၁၈၉.၆၈၀
  ၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၃.၁၄၁ ၃.၁၄၁
ကီလို   ၅၂၃၈.၅၃၄ ၅၂၃၈.၅၃၄
  ၁၃ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၄ ဘိုကိတ်ပဲ US$ ၈.၄၀၃ ၀.၀၀၀ ၈.၄၀၃
ကီလို ၁၂၃၅၉.၈၁၃ ၀.၀၀၀ ၁၂၃၅၉.၈၁၃
  ၁၅ ပဲပုတ်စေ့ US$ ၀.၂၀၀ ၀.၀၀၀ ၀.၂၀၀
ကီလို ၂၂၈.၇၃၀ ၀.၀၀၀ ၂၂၈.၇၃၀
  ၁၆ ပဲနီကြား US$   ၁.၈၆၅ ၁.၈၆၅
ကီလို   ၃၆၂၃.၀၁၄ ၃၆၂၃.၀၁၄
  ၁၇ နိုင်လွန်ပဲ US$   ၁.၁၈၅ ၁.၁၈၅
ကီလို   ၁၆၉၈.၅၀၀ ၁၆၉၈.၅၀၀
  ၁၈ မြေပဲဆံ US$ ၁.၃၄၁ ၂၂.၇၉၅ ၂၄.၁၃၆
ကီလို ၁၀၂၁.၈၂၆ ၁၆၂၂၃.၉၉၀ ၁၇၂၄၅.၈၁၆
  ၁၉ အခြားပဲ US$ ၀.၀၃၄ ၁.၁၆၉ ၁.၂၀၃
ကီလို ၃၁.၄၂၇ ၁၉၂၂.၁၀၀ ၁၉၅၃.၅၂၇
    ပဲတင်ပို့မှုစုစုပေါင်း US$ ၁၂၇၇.၉၉၇ ၁၃၆.၀၁၄ ၁၄၁၄.၀၁၁
ကီလို ၁၅၂၃၂၀၃.၃၇၉ ၁၅၂၆၇၈.၉၄၄ ၁၆၇၅၈၈၂.၃၂၃
Source: Customs