မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁-၁၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၂၄၁၄၂.၅၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၇၉.၂၀၆)သန်း၊ နယ်စပ်မှ (၁၃၅၂၃၉.၂၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၆.၂၀၇) သန်း၊ စုစုပေါင်း (၁၀၅၉၃၈၁.၈၁၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၈၉၅.၄၁၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁-၁၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၁၂-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၄၇၁.၂၉၁ | ၂.၈၃၅ | ၄၇၄.၁၂၆ | |
| ကီလို | ၅၁၉၇၉၆.၁၄၀ | ၂၅၅၈.၈၂၅ | ၅၂၂၃၅၄.၉၆၅ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၄၇.၄၆၇ | ၃၈.၅၁၆ | ၁၈၅.၉၈၃ | |
| ကီလို | ၂၁၇၉၀၄.၀၀၉ | ၅၆၅၇၂.၉၀၆ | ၂၇၄၄၇၆.၉၁၅ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၀၁.၉၅၂ | ၀.၀၀၀ | ၁၀၁.၉၅၂ | |
| ကီလို | ၁၁၃၈၅၇.၄၄၃ | ၀.၀၀၀ | ၁၁၃၈၅၇.၄၄၃ | |||
| ၄ | ကုလားပဲ | US$ | ၃.၃၂၉ | ၀.၀၀၀ | ၃.၃၂၉ | |
| ကီလို | ၃၃၂၀.၅၅၈ | ၀.၀၀၀ | ၃၃၂၀.၅၅၈ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၇.၀၁၄ | ၃.၁၉၄ | ၂၀.၂၀၈ | |
| ကီလို | ၂၆၁၄၉.၀၃၆ | ၅၂၁၆.၉၁၈ | ၃၁၃၆၅.၉၅၄ | |||
| ၆ | မြေထောက်ပဲ | US$ | ၉.၆၄၂ | ၁၇.၃၂၅ | ၂၆.၉၆၇ | |
| ကီလို | ၉၂၆၀.၀၆၂ | ၁၁၉၈၉.၁၄၇ | ၂၁၂၄၉.၂၀၉ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၂.၁၈၁ | ၆.၆၇၈ | ၁၈.၈၅၉ | |
| ကီလို | ၁၂၂၉၇.၇၁၄ | ၆၁၆၁.၅၈၁ | ၁၈၄၅၉.၂၉၅ | |||
| ၈ | ပဲယင်း | US$ | ၁၀.၀၆၅ | ၂၃.၈၇၉ | ၃၃.၉၄၄ | |
| ကီလို | ၁၃၈၅၅.၇၃၂ | ၂၉၃၄၃.၁၁၅ | ၄၃၁၉၈.၈၄၇ | |||
| ၉ | ပဲကြီး | US$ | ၂.၅၃၉ | ၁.၀၉၇ | ၃.၆၃၆ | |
| ကီလို | ၂၄၇၇.၂၂၂ | ၁၀၉၄.၅၀၀ | ၃၅၇၁.၇၂၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၂၃၆ | ၁.၂၃၆ | ||
| ကီလို | ၁၉၀၁.၀၂၀ | ၁၉၀၁.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၅၉၈ | ၀.၀၀၀ | ၀.၅၉၈ | |
| ကီလို | ၉၀၇.၆၈၀ | ၀.၀၀၀ | ၉၀၇.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၄ | ၃.၁၁၄ | ||
| ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၄၇၅ | ၀.၀၀၀ | ၁.၄၇၅ | |
| ကီလို | ၂၁၃၆.၇၅၅ | ၀.၀၀၀ | ၂၁၃၆.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
| ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
| ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
| ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၆၃၈ | ၁၆.၀၂၈ | |
| ကီလို | ၂၅၅.၀၀၀ | ၁၀၃၂၀.၆၅၈ | ၁၀၅၇၅.၆၅၈ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၉ | ၁.၀၇၅ | ၁.၀၉၄ | |
| ကီလို | ၁၅.၄၁၅ | ၁၇၈၈.၁၀၀ | ၁၈၀၃.၅၁၅ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၇၉.၂၀၆ | ၁၁၆.၂၀၇ | ၈၉၅.၄၁၃ | ||
| ကီလို | ၉၂၄၁၄၂.၅၁၆ | ၁၃၅၂၃၉.၂၉၈ | ၁၀၅၉၃၈၁.၈၁၄ | |||
| Source: Customs | ||||||
