မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
 

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
 

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၈၉၆၇၂.၆၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၃၆.၇၁၃)သန်း၊ နယ်စပ်မှ (၁၃၅၄၇၇.၃၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၆.၃၇၆) သန်း၊ စုစုပေါင်း (၁၁၂၅၁၀၅.၀၂၆) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉၅၃.၀၈၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၂-၁၂-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ
ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
(၂၂-၁၂-၂၀၂၃) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅၁၁.၉၀၀ ၂.၈၃၅ ၅၁၄.၇၃၅
ကီလို ၅၆၁၇၁၁.၀၄၁ ၂၅၅၈.၈၂၅ ၅၆၄၂၆၉.၈၆၆
  ပဲတီစိမ်း US$ ၁၅၈.၇၆၁ ၃၈.၅၁၆ ၁၉၇.၂၇၇
ကီလို ၂၃၄၃၇၃.၂၄၁ ၅၆၅၇၂.၉၀၆ ၂၉၀၉၄၆.၁၄၇
  ပဲစဉ်းငုံ US$ ၁၀၂.၇၂၉ ၀.၀၀၀ ၁၀၂.၇၂၉
ကီလို ၁၁၄၅၄၃.၉၅၃ ၀.၀၀၀ ၁၁၄၅၄၃.၉၅၃
  ကုလားပဲ US$ ၃.၃၂၉ ၀.၀၀၀ ၃.၃၂၉
ကီလို ၃၃၂၀.၅၅၈ ၀.၀၀၀ ၃၃၂၀.၅၅၈
  ပဲလွန်းဖြူ US$ ၁၉.၀၇၉ ၃.၁၉၄ ၂၂.၂၇၃
ကီလို ၂၉၁၉၄.၃၅၉ ၅၂၁၆.၉၁၈ ၃၄၄၁၁.၂၇၇
  မြေထောက်ပဲ US$ ၁၀.၅၂၄ ၁၇.၃၂၅ ၂၇.၈၄၉
ကီလို ၁၀၀၂၄.၅၆၂ ၁၁၉၈၉.၁၄၇ ၂၂၀၁၃.၇၀၉
  ထောပတ်ပဲ US$ ၁၂.၅၃၀ ၆.၆၇၈ ၁၉.၂၀၈
ကီလို ၁၂၆၀၈.၃၁၄ ၆၁၆၁.၅၈၁ ၁၈၇၆၉.၈၉၅
   ပဲယင်း US$ ၁၀.၅၀၈ ၂၃.၉၀၇ ၃၄.၄၁၅
ကီလို ၁၄၅၉၇.၁၉၆ ၂၉၃၉၃.၁၁၅ ၄၃၉၉၀.၃၁၁
  ပဲကြီး US$ ၂.၅၅၄ ၁.၀၉၇ ၃.၆၅၁
ကီလို ၂၄၉၂.၇၂၂ ၁၀၉၄.၅၀၀ ၃၅၈၇.၂၂၂
  ၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၅၆၉   ၁.၅၆၉
ကီလို ၂၄၄၁.၀၂၀   ၂၄၄၁.၀၂၀
  ၁၁ စွန်တာပြာ US$ ၀.၅၉၈ ၀.၀၀၀ ၀.၅၉၈
ကီလို ၉၀၇.၆၈၀ ၀.၀၀၀ ၉၀၇.၆၈၀
  ၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၃.၁၁၄ ၃.၁၁၄
ကီလို   ၅၁၉၄.၀၃၄ ၅၁၉၄.၀၃၄
  ၁၃ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၄ ဘိုကိတ်ပဲ US$ ၂.၀၅၀ ၀.၀၀၀ ၂.၀၅၀
ကီလို ၃၀၅၉.၈၃၇ ၀.၀၀၀ ၃၀၅၉.၈၃၇
  ၁၅ ပဲပုတ်စေ့ US$ ၀.၀၀၈ ၀.၀၀၀ ၀.၀၀၈
ကီလို ၈.၇၃၀ ၀.၀၀၀ ၈.၇၃၀
  ၁၆ ပဲနီကြား US$   ၁.၇၃၇ ၁.၇၃၇
ကီလို   ၃၄၀၃.၀၁၄ ၃၄၀၃.၀၁၄
  ၁၇ နိုင်လွန်ပဲ US$   ၁.၁၁၉ ၁.၁၁၉
ကီလို   ၁၅၉၆.၅၀၀ ၁၅၉၆.၅၀၀
  ၁၈ မြေပဲဆံ US$ ၀.၅၅၄ ၁၅.၇၇၉ ၁၆.၃၃၃
ကီလို ၃၇၂.၀၀၀ ၁၀၅၀၈.၇၅၈ ၁၀၈၈၀.၇၅၈
  ၁၉ အခြားပဲ US$ ၀.၀၂၀ ၁.၀၇၅ ၁.၀၉၅
ကီလို ၁၇.၄၁၅ ၁၇၈၈.၁၀၀ ၁၈၀၅.၅၁၅
    ပဲတင်ပို့မှုစုစုပေါင်း US$ ၈၃၆.၇၁၃ ၁၁၆.၃၇၆ ၉၅၃.၀၈၉
ကီလို ၉၈၉၆၇၂.၆၂၈ ၁၃၅၄၇၇.၃၉၈ ၁၁၂၅၁၅၀.၀၂၆
Source: Customs