မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ

မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
 

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
 

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၅-၁-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၀၄၄၇၇၁.၂၄၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၈၄.၃၉၈)သန်း၊ နယ်စပ်မှ (၁၃၆၅၉၃.၈၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇.၂၈၂) သန်း၊ စုစုပေါင်း (၁၁၈၁၃၆၅.၁၄၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀၁.၆၈၀)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၅-၁-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 

          အမေရိကန်ဒေါ်လာသန်း
ကီလို-ထောင်ပေါင်း
စဉ် အကြောင်းအရာ
ရေတွက်
ပုံ
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်
(၅-၁-၂၀၂၄) ထိ
ပင်လယ်
ရေကြောင်း
နယ်စပ် ‌​​ပေါင်း
  မတ်ပဲ US$ ၅၃၈.၁၆၉ ၂.၈၃၅ ၅၄၁.၀၀၄
ကီလို ၅၈၈၉၇၉.၂၆၀ ၂၅၅၈.၈၂၅ ၅၉၁၅၃၈.၀၈၅
  ပဲတီစိမ်း US$ ၁၆၉.၄၇၆ ၃၈.၇၂၄ ၂၀၈.၂၀၀
ကီလို ၂၅၀၆၅၆.၁၈၁ ၅၆၉၁၀.၉၀၆ ၃၀၇၅၆၇.၀၈၇
  ပဲစဉ်းငုံ US$ ၁၁၀.၈၇၅ ၀.၀၀၀ ၁၁၀.၈၇၅
ကီလို ၁၂၂၃၉၃.၉၅၃ ၀.၀၀၀ ၁၂၂၃၉၃.၉၅၃
  ကုလားပဲ US$ ၃.၄၃၀ ၀.၀၀၀ ၃.၄၃၀
ကီလို ၃၄၁၆.၅၅၈ ၀.၀၀၀ ၃၄၁၆.၅၅၈
  ပဲလွန်းဖြူ US$ ၁၉.၈၉၄ ၃.၁၉၄ ၂၃.၀၈၈
ကီလို ၃၀၄၅၈.၂၂၇ ၅၂၁၆.၉၁၈ ၃၅၆၇၅.၁၄၅
  မြေထောက်ပဲ US$ ၁၁.၀၀၆ ၁၇.၃၂၅ ၂၈.၃၃၁
ကီလို ၁၀၅၄၉.၅၆၂ ၁၁၉၈၉.၁၄၇ ၂၂၅၃၈.၇၀၉
  ထောပတ်ပဲ US$ ၁၂.၅၅၆ ၆.၇၀၆ ၁၉.၂၆၂
ကီလို ၁၂၆၃၁.၈၁၄ ၆၁၈၆.၅၈၁ ၁၈၈၁၈.၃၉၅
   ပဲယင်း US$ ၁၁.၁၉၀ ၂၄.၁၁၁ ၃၅.၃၀၁
ကီလို ၁၅၈၀၄.၂၈၆ ၂၉၆၈၅.၁၁၅ ၄၅၄၈၉.၄၀၁
  ပဲကြီး US$ ၂.၅၅၇ ၁.၀၉၇ ၃.၆၅၄
ကီလို ၂၄၉၅.၂၂၂ ၁၀၉၄.၅၀၀ ၃၅၈၉.၇၂၂
  ၁၀ ပဲကတ္တီပါ(စွန်တာနီ) US$ ၁.၇၈၆   ၁.၇၈၆
ကီလို ၂၈၀၉.၀၂၀   ၂၈၀၉.၀၂၀
  ၁၁ စွန်တာပြာ US$ ၀.၆၂၃ ၀.၀၀၀ ၀.၆၂၃
ကီလို ၉၄၉.၆၈၀ ၀.၀၀၀ ၉၄၉.၆၈၀
  ၁၂ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$   ၃.၁၁၅ ၃.၁၁၅
ကီလို   ၅၁၉၆.၀၃၄ ၅၁၉၆.၀၃၄
  ၁၃ ပဲဖြူလေး US$ ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
ကီလို ၀.၀၀၀ ၀.၀၀၀ ၀.၀၀၀
  ၁၄ ဘိုကိတ်ပဲ US$ ၂.၀၈၃ ၀.၀၀၀ ၂.၀၈၃
ကီလို ၃၁၀၇.၈၃၇ ၀.၀၀၀ ၃၁၀၇.၈၃၇
  ၁၅ ပဲပုတ်စေ့ US$ ၀.၀၀၈ ၀.၀၀၀ ၀.၀၀၈
ကီလို ၈.၇၃၀ ၀.၀၀၀ ၈.၇၃၀
  ၁၆ ပဲနီကြား US$   ၁.၇၅၂ ၁.၇၅၂
ကီလို   ၃၄၂၈.၀၁၄ ၃၄၂၈.၀၁၄
  ၁၇ နိုင်လွန်ပဲ US$   ၁.၁၁၉ ၁.၁၁၉
ကီလို   ၁၅၉၆.၅၀၀ ၁၅၉၆.၅၀၀
  ၁၈ မြေပဲဆံ US$ ၀.၇၂၅ ၁၆.၂၂၉ ၁၆.၉၅၄
ကီလို ၄၉၃.၄၉၉ ၁၀၉၄၃.၂၅၈ ၁၁၄၃၆.၇၅၇
  ၁၉ အခြားပဲ US$ ၀.၀၂၀ ၁.၀၇၅ ၁.၀၉၅
ကီလို ၁၇.၄၁၅ ၁၇၈၈.၁၀၀ ၁၈၀၅.၅၁၅
    ပဲတင်ပို့မှုစုစုပေါင်း US$ ၈၈၄.၃၉၈ ၁၁၇.၂၈၂ ၁၀၀၁.၆၈၀
ကီလို ၁၀၄၄၇၇၁.၂၄၄ ၁၃၆၅၉၃.၈၉၈ ၁၁၈၁၃၆၅.၁၄၂
Source: Customs