မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၉-၁-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၀၈၀၆၈.၈၁၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၃၉.၇၈၅)သန်း၊ နယ်စပ်မှ (၁၃၇၈၁၂.၃၆၉) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၈.၄၆၉) သန်း၊ စုစုပေါင်း (၁၂၄၅၈၈၁.၁၈၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၅၈.၂၅၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၉-၁-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ( ၁၉-၁-၂၀၂၄) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၆၉.၂၆၀ | ၂.၈၃၄ | ၅၇၂.၀၉၄ | |
| ကီလို | ၆၂၂၀၂၉.၃၂၁ | ၂၅၅၈.၈၂၅ | ၆၂၄၅၈၈.၁၄၆ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၇၉.၅၀၉ | ၃၈.၇၅၁ | ၂၁၈.၂၆၀ | |
| ကီလို | ၂၆၆၁၁၇.၆၁၇ | ၅၆၉၅၅.၉၀၆ | ၃၂၃၀၇၃.၅၂၃ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၁၂၂.၀၁၀ | ၀.၀၀၀ | ၁၂၂.၀၁၀ | |
| ကီလို | ၁၃၃၂၇၃.၉၆၁ | ၀.၀၀၀ | ၁၃၃၂၇၃.၉၆၁ | |||
| ၄ | ကုလားပဲ | US$ | ၃.၄၃၀ | ၀.၀၀၀ | ၃.၄၃၀ | |
| ကီလို | ၃၄၁၆.၅၅၈ | ၀.၀၀၀ | ၃၄၁၆.၅၅၈ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၂၀.၂၁၁ | ၃.၁၉၅ | ၂၃.၄၀၆ | |
| ကီလို | ၃၀၉၁၈.၆၇၇ | ၅၂၁၆.၉၁၈ | ၃၆၁၃၅.၅၉၅ | |||
| ၆ | မြေထောက်ပဲ | US$ | ၁၁.၈၆၈ | ၁၇.၃၆၁ | ၂၉.၂၂၉ | |
| ကီလို | ၁၁၄၄၅.၂၃၂ | ၁၂၀၁၄.၁၄၇ | ၂၃၄၅၉.၃၇၉ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၃.၀၆၃ | ၆.၇၈၁ | ၁၉.၈၄၄ | |
| ကီလို | ၁၃၀၈၈.၇၄၄ | ၆၂၅၂.၅၈၁ | ၁၉၃၄၁.၃၂၅ | |||
| ၈ | ပဲယင်း | US$ | ၁၂.၀၂၈ | ၂၄.၂၉၀ | ၃၆.၃၁၈ | |
| ကီလို | ၁၇၀၈၄.၁၅၇ | ၂၉၉၄၅.၁၁၅ | ၄၇၀၂၉.၂၇၂ | |||
| ၉ | ပဲကြီး | US$ | ၂.၅၆၀ | ၁.၀၉၆ | ၃.၆၅၆ | |
| ကီလို | ၂၄၉၈.၇၂၂ | ၁၀၉၄.၅၀၀ | ၃၅၉၃.၂၂၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၀၃၄ | ၂.၀၃၄ | ||
| ကီလို | ၃၂၁၄.၀၆၂ | ၃၂၁၄.၀၆၂ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၆၅၂ | ၀.၀၀၀ | ၀.၆၅၂ | |
| ကီလို | ၉၉၇.၆၈၀ | ၀.၀၀၀ | ၉၉၇.၆၈၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၃၉ | ၃.၁၃၉ | ||
| ကီလို | ၅၂၃၄.၀၃၃ | ၅၂၃၄.၀၃၃ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၂.၂၅၃ | ၀.၀၀၀ | ၂.၂၅၃ | |
| ကီလို | ၃၃၂၅.၈၃၈ | ၀.၀၀၀ | ၃၃၂၅.၈၃၈ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
| ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၇၅၂ | ၁.၇၅၂ | ||
| ကီလို | ၃၄၂၈.၀၁၄ | ၃၄၂၈.၀၁၄ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
| ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၈၇၈ | ၁၇.၀၇၅ | ၁၇.၉၅၃ | |
| ကီလို | ၆၃၂.၀၉၉ | ၁၁၇၂၇.၇၃၀ | ၁၂၃၅၉.၈၂၉ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၂၁ | ၁.၀၇၆ | ၁.၀၉၇ | |
| ကီလို | ၁၇.၄၁၅ | ၁၇၈၈.၁၀၀ | ၁၈၀၅.၅၁၅ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၃၉.၇၈၅ | ၁၁၈.၄၆၉ | ၁၀၅၈.၂၅၄ | ||
| ကီလို | ၁၁၀၈၀၆၈.၈၁၃ | ၁၃၇၈၁၂.၃၆၉ | ၁၂၄၅၈၈၁.၁၈၂ | |||
