မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂-၂-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၁၈၀၀၇၁.၆၁၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၀၃.၆၈၁)သန်း၊ နယ်စပ်မှ (၁၃၉၁၃၂.၃၅၆) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၉.၇၃၃) သန်း၊ စုစုပေါင်း (၁၃၁၉၂၀၃.၉၇၄) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၁၂၃.၄၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂-၂-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ | ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ( ၂-၂-၂၀၂၄) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၆၀၂.၂၇၀ | ၂.၈၅၀ | ၆၀၅.၁၂၀ | |
ကီလို | ၆၅၆၉၄၁.၈၆၅ | ၂၅၇၅.၈၂၅ | ၆၅၉၅၁၇.၆၉၀ | |||
၂ | ပဲတီစိမ်း | US$ | ၁၈၈.၅၂၁ | ၃၈.၈၅၁ | ၂၂၇.၃၇၂ | |
ကီလို | ၂၇၉၉၉၃.၆၆၁ | ၅၇၀၉၀.၉၀၆ | ၃၃၇၀၈၄.၅၆၇ | |||
၃ | ပဲစဉ်းငုံ | US$ | ၁၃၉.၂၆၃ | ၀.၀၀၀ | ၁၃၉.၂၆၃ | |
ကီလို | ၁၅၀၁၀၈.၄၆၁ | ၀.၀၀၀ | ၁၅၀၁၀၈.၄၆၁ | |||
၄ | ကုလားပဲ | US$ | ၃.၄၄၉ | ၀.၀၀၀ | ၃.၄၄၉ | |
ကီလို | ၃၄၃၅.၂၂၃ | ၀.၀၀၀ | ၃၄၃၅.၂၂၃ | |||
၅ | ပဲလွန်းဖြူ | US$ | ၂၀.၉၅၉ | ၃.၁၉၅ | ၂၄.၁၅၄ | |
ကီလို | ၃၂၀၃၃.၀၉၅ | ၅၂၁၆.၉၁၈ | ၃၇၂၅၀.၀၁၃ | |||
၆ | မြေထောက်ပဲ | US$ | ၁၂.၈၇၃ | ၁၇.၃၇၄ | ၃၀.၂၄၇ | |
ကီလို | ၁၂၅၉၃.၀၆၂ | ၁၂၀၂၃.၁၄၇ | ၂၄၆၁၆.၂၀၉ | |||
၇ | ထောပတ်ပဲ | US$ | ၁၃.၅၃၂ | ၆.၉၆၆ | ၂၀.၄၉၈ | |
ကီလို | ၁၃၄၇၈.၆၁၇ | ၆၄၁၆.၀၈၁ | ၁၉၈၉၄.၆၉၈ | |||
၈ | ပဲယင်း | US$ | ၁၂.၉၇၂ | ၂၄.၄၄၁ | ၃၇.၄၁၃ | |
ကီလို | ၁၈၆၄၆.၆၅၇ | ၃၀၁၄၄.၆၁၅ | ၄၈၇၉၁.၂၇၂ | |||
၉ | ပဲကြီး | US$ | ၂.၅၇၂ | ၁.၀၉၆ | ၃.၆၆၈ | |
ကီလို | ၂၅၁၀.၇၂၂ | ၁၀၉၄.၅၀၀ | ၃၆၀၅.၂၂၂ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၄၈၈ | ၂.၄၈၈ | ||
ကီလို | ၃၉၅၀.၄၉၂ | ၃၉၅၀.၄၉၂ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၇၂၁ | ၀.၀၀၀ | ၀.၇၂၁ | |
ကီလို | ၁၁၀၅.၆၈၀ | ၀.၀၀၀ | ၁၁၀၅.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၄၂ | ၃.၁၄၂ | ||
ကီလို | ၅၂၃၈.၅၃၃ | ၅၂၃၈.၅၃၃ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၃.၀၉၀ | ၀.၀၀၀ | ၃.၀၉၀ | |
ကီလို | ၄၅၄၀.၃၃၈ | ၀.၀၀၀ | ၄၅၄၀.၃၃၈ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
ကီလို | ၇၄.၇၃၀ | ၀.၀၀၀ | ၇၄.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၈၁၀ | ၁.၈၁၀ | ||
ကီလို | ၃၅၂၄.၀၁၄ | ၃၅၂၄.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၈၇၈ | ၁၇.၈၁၃ | ၁၈.၆၉၁ | |
ကီလို | ၆၃၂.၀၉၉ | ၁၂၄၂၃.၂၁၇ | ၁၃၀၅၅.၃၁၆ | |||
၁၉ | အခြားပဲ | US$ | ၀.၀၂၈ | ၁.၀၇၆ | ၁.၁၀၄ | |
ကီလို | ၂၆.၉၁၆ | ၁၇၈၈.၁၀၀ | ၁၈၁၅.၀၁၆ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၀၀၃.၆၈၁ | ၁၁၉.၇၃၃ | ၁၁၂၃.၄၁၄ | ||
ကီလို | ၁၁၈၀၀၇၁.၆၁၈ | ၁၃၉၁၃၂.၃၅၆ | ၁၃၁၉၂၀၃.၉၇၄ |